03
Oct

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ၊တောခေါင်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၄) ဖွင့်လှစ်ခြင်း

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး လုပ်ငန်းစဉ်ကြီး(၄)ရပ်ဖြစ်သည့် စ.ထ.ထ.ရ လုပ်ငန်းများကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက်  လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများ အား အကောင်အထည်ဖော် ဆောင်ရွက်သွားရေး အစီအစဉ်အဖြစ် တောခေါင်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ်(၄)အား ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။ ၎င်းသင်တန်းဖွင့်ပွဲအား ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၃)ရက်နေ့တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ဦးစီးရုံးချုပ်၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ညွှန်ကြားရေးမှူးချုပ် ကိုယ်စား ဒုတိယညွှန်ကြားရေးမှူးချုပ်မှ သင်တန်းအဖွင့်မိန့်ခွန်း ပြောကြားကာ သင်တန်းကို တက်ရောက် ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါသင်တန်းတွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနရှိ တောခေါင်း ဝန်ထမ်းများအနက် စစ်ကိုင်းတိုင်းဒေသကြီးမှ တောခေါင်းသင်တန်းသား (၁၀)ဦး၊ မကွေးတိုင်းဒေသကြီးမှ တောခေါင်းသင်တန်းသား(၁၁)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ တောခေါင်း သင်တန်းသား(၉)ဦး၊ စုစုပေါင်း(၃၀)ဦး တက်ရောက်ပြီး (၃-၁၀-၂၀၁၆) ရက်နေ့မှ (၁၀-၁၀-၂၀၁၆) ရက်နေ့အထိ (၈)ရက်ကြာ သင်တန်းပို့ချသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။ လက်တွေ့ကွင်းဆင်း ဆောင်ရွက်ခြင်းနှင့် လေ့လာရေးခရီးစဉ်အဖြစ် မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်နှင့် မလှိုင်မြို့နယ်ရှိ မယ်ညိုတောင်ကြိုးဝိုင်း စ.ထ.ထ.ရလုပ်ငန်း ဆောင်ရွက်နေမှုများကို သွားရောက်လေ့လာမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။