ဖွဲ့စည်းခြင်း

  • Home
  • /
  • ဖွဲ့စည်းခြင်း

ညွှန်ကြားရေးမှူးချုပ်ရုံးနှင့် ဒေသရုံးများ

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၏ ဖွဲ့စည်းပုံအရ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့မှ ခရိုင် (၁၃) ခရိုင်၊ မြို့နယ် (၅၃) မြို့နယ် ပါဝင်ပါ သည်။ ညွှန်ကြားရေးမှူးချုပ်ရုံးကို ပုသိမ်ကြီးမြို့၌ ၁၉၉၇ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် စီမံခန့်ခွဲရေးဌာနခွဲ၊ စီမံကိန်းဌာနခွဲနှင့် အင်ဂျင်နီယာ ဌာနခွဲတို့ ပါဝင်ပါသည်။ တိုင်းဒေသကြီးအလိုက် ညွှန်ကြားရေးမှူးရုံးများအား စစ်ကိုင်းတိုင်းဒေသကြီး တွင် မုံရွာမြို့၌ လည်းကောင်း၊ မကွေးတိုင်းဒေသကြီးတွင် မကွေးမြို့၌ လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီးတွင် ပုသိမ်ကြီးမြို့၌လည်းကောင်း ဖွင့်လှစ်ခဲ့ပြီး၊ သက်ဆိုင်ရာ လက်ထောက် ညွှန်ကြားရေးမှူး ရုံးများ မြို့နယ်ဦးစီးအရာရှိ ရုံးများကိုလည်း ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါသည်။ တိုင်းဒေသကြီး (၃) ခုရှိ ဖွဲ့စည်း ဆောင်ရွက်ထား ရှိသည့် ခရိုင်၊ မြို့နယ်များမှာ အောက်​ဖော်ပြပါအတိုင်း ဖြစ်ပါသည်-

စဉ် တိုင်းဒေသကြီး ခရိုင် မြို့နယ်
စစ်ကိုင်း ရွှေဘို (၁) ရွှေဘို၊ (၂) ခင်ဦး (၃) ဝက်လက်၊ (၄) ဒီပဲယင်း၊

(၅) ကန့်ဘလူ၊ (၆) ရေဦး၊ (၇ ) တန့်ဆည်၊

မုံရွာ (၈) မုံရွာ၊ (၉) ချောင်းဦး၊ (၁၀) ဘုတလင်၊ (၁၁) အရာတော်
ယင်းမာပင် (၁၂) ဆားလင်းကြီး၊ (၁၃) ယင်းမာပင်၊ (၁၄) ပုလဲ
စစ်ကိုင်း (၁၅) စစ်ကိုင်း၊ (၁၆) မြောင်၊ (၁၇) မြင်းမူ၊
မကွေး ပခုက္ကူ (၁၈) ပေါက်၊ (၁၉) မြိုင်၊ (၂၀) ရေစကြို၊ (၂၁) ပခုက္ကူ၊ (၂၂)ဆိပ်ဖြူ
မကွေး (၂၃) ချောက်၊ (၂၄) ရေနံချောင်း၊ (၂၅) နတ်မောက်၊

(၂၆) မြို့သစ်၊ (၂၇) တောင်တွင်းကြီး၊ (၂၈) မကွေး

မင်းဘူး (၂၉) စလင်း၊ (၃၀) ပွင့်ဖြူ၊ (၃၁) မင်းဘူး၊ (၃၂) ငဖဲ
သရက် (၃၃) မင်းလှ၊ (၃၄) ဆင်ပေါင်ဝဲ၊ (၃၅) အောင်လံ၊ (၃၆) သရက်၊ (၃၇) မင်းတုန်း၊ (၃၈) ကံမ
မန္တလေး ကျောက်ဆည် (၃၉) ကျောက်ဆည်၊ (၄၀) မြစ်သား၊ (၄၁) တံတားဦး
မြင်းခြံ (၄၂) မြင်းခြံ၊ (၄၃) နွားထိုးကြီး၊ (၄၄) တောင်သာ၊

(၄၅) ငါန်းဇွန်

ညောင်ဦး (၄၆) ညောင်ဦး၊ (၄၇) ကျောက်ပန်းတောင်း
မိတ္ထီလာ (၄၈) မိတ္ထီလာ၊ (၄၉) သာစည်၊ (၅၀) ဝမ်းတွင်း၊ (၅၁) မလှိုင်
ရမည်းသင်း (၅၂) ရမည်းသင်း၊ (၅၃) ပျော်ဘွယ်

ဝန်ထမ်းအင်အား

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၌ ဝန်ထမ်းအင်အားဖွဲ့စည်းပုံအရ အရာထမ်း (၁၃၇) ဦး၊ အမှုထမ်း (၃,၀၉၄)  ဦး၊ စုစုပေါင်း (၃,၂၃၁) ဦး ခွင့်ပြုခဲ့ပါသည်။  ၂၀၂၀ ခုနှစ်၊ ​ဖေဖော်ဝါရီလကုန် အထိ အရာထမ်း (၁၁၂) ဦး၊ အမှုထမ်း (၁၁၆၈) ဦး၊ စုစုပေါင်း (၁၂၇၆) ဦးအား ခန့်ထားခဲ့ပြီး ဖြစ်ပါသည်။ ညွှန်ကြား​ရေးမှူးချုပ်ရုံးနှင့် တိုင်းဒေသကြီးများအလိုက် ဝန်ထမ်းအင်အား ဖွဲ့စည်းပုံနှင့် ခန့်ထားဆောင် ရွက်ပြီးစီးမှုတို့အား တစ်ဖက်ပါအတိုင်း ဖော်ပြအပ်ပါသည်-

                                                                                       (၃၀-၆-၂၀၂၀) ရက်နေ့အထိ

စဉ် ဌာနအမည်/ တိုင်းဒေသကြီး အရာထမ်း အမှုထမ်း ပေါင်း ရာခိုင်နှုန်း
ခွင့်ပြု ခန့်ထား ခွင့်ပြု ခန့်ထား ခွင့်ပြု ခန့်ထား
ဦးစီးရုံးချုပ် ၃၉ ၃၀ ၁၅၆ ၇၉ ၁၉၅ ၁၀၉ ၅၅.၉၀%
စစ်ကိုင်း ၂၈ ၂၃ ၈၅၈ ၃၂၆ ၈၈၆ ၃၄၉ ၃၉.၃၉%
မကွေး ၃၉ ၃၀ ၁၂၁၆ ၄၇၅ ၁၂၅၅ ၅၀၅ ၄၀.၂၄%
မန္တလေး ၃၁ ၂၇ ၈၆၄ ၃၃၈ ၈၉၅ ၃၆၅ ၄၀.၇၈%
စုစုပေါင်း ၁၃၇ ၁၁၀ ၃၀၉၄ ၁၂၁၈ ၃၂၃၁ ၁၃၂၈ ၄၁.၁၀%
Dryzone