သတင်းများ

  • Home
  • /
  • သတင်းများ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန

လျှောက်လွှာခေါ်ယူခြင်း

ကြော်ငြာစာအမှတ် – ၁/၂၀၂၂

၁၃၈၄ ခုနှစ်၊ ဝါခေါင်လဆန်း   ၈   ရက်

(၂၀၂၂ ခုနှစ်၊ သြဂုတ်လ   ၄   ရက်)

၁။                သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်း လန်းစိုပြည်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော  (လစာနှုန်း ကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) တောအုပ်ကြီး (၁၁) နေရာအတွက် လျှောက်လွှာများ တင်သွင်းနိုင်ပါသည်။

၂။                 လျှောက်ထားသူသည်-

(က)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်၊

(ခ)     သိပ္ပံ (သစ်တောပညာ) ဘွဲ့ (သို့မဟုတ်) မဟာသိပ္ပံ (သစ်တောပညာ) ဘွဲ့ ရရှိပြီးသူဖြစ်ရမည်၊

(ဂ)     (၃၁-၁၀-၂၀၂၂) ရက်နေ့တွင် အသက် (၃၅) နှစ်၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက် (၃၈) နှစ်ထက် မကျော်လွန်သူဖြစ်ရမည်၊

(ဃ)    အနည်းဆုံး လုပ်သက်တစ်ဆက်စပ်တည်း (၅) နှစ် တာဝန်ထမ်းဆောင်နိုင် သူဖြစ်ရမည်၊

(င)     မဟာဘွဲ့ရပြီးသူများအတွက် အသက် (၃၈) နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်၊

(စ)     ကျန်းမာရေးကောင်းမွန်ပြီး ဒေသမရွေးတာဝန် ထမ်းဆောင်နိုင်သူဖြစ်ရ မည်။

၃။                လျှောက်လွှာကို ကိုယ်ရေးမှတ်တမ်းအကျဉ်းနှင့်အတူ အောက်ပါအထောက်အထား များ ပူးတွဲလျက် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ မန္တလေး တိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့ (သို့မဟုတ်) ညွှန်ကြားရေးမှူးချုပ်ရုံး၊ နေပြည်တော် (ရုံးခွဲ) သို့ (၃၁-၁၀-၂၀၂၂) ရက်နေ့ နောက်ဆုံးထား၍ ရုံးချိန်အတွင်း ပေးပို့လျှောက်ထားရမည်-

(က)    ဘွဲ့လက်မှတ်မိတ္တူ (စာမေးပွဲဖြေဆိုသည့်အခါ ဘွဲ့လက်မှတ်မူရင်း တင်ပြရန်)၊

(ခ)     နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊

(ဂ)     အသက် အထောက်အထားအတွက် အခြေခံပညာအထက်တန်းစာမေးပွဲ အောင်လက်မှတ်မိတ္တူမှန် (စစ်ဆေးသည့်အခါ အောင်လက်မှတ်မူရင်း တင်ပြနိုင်ရမည်)၊

(ဃ)    လျှောက်လွှာပိတ်ရက်မတိုင်မီ (၆) လအတွင်း ရိုက်ကူးထားသော ရောက်စုံ လိုင်စင် ဓာတ်ပုံ (၂) ပုံ (နောက်ကျောတွင် အမည်နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်အသား ဖော်ပြရန်)၊

(င)     ပြင်ပမှ လျှောက်ထားသူများအတွက် အလုပ်သမားမှတ်ပုံတင်မိတ္တူမှန်၊

(စ)     နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ခွင့်ပြုချက်မူရင်း။

၄။                အခြားစုံစမ်းမေးမြန်းလိုပါက အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ တယ်လီ ဖုန်းအမှတ် (၀၂-၄၀၅၇၉၈၂ နှင့် ၀၂-၄၀၅၇၉၈၃) သို့ ဆက်သွယ်မေးမြန်းနိုင်ပြီး လျှောက်လွှာများ ကို www.dryzonegreening.gov.mm တွင် download ရယူနိုင်ပါသည်။

 

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန

 

download Application Form (pdf)

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

အပူပိုင်းဒေသစိမ်းလန်းစိုပြည်‌ရေးဦးစီးဌာန

“အိတ်ဖွင့်တင်ဒါ (Open Tender) ခေါ်ယူခြင်း”

 

“အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း”

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအတွက် Water Boxer (888 GL) ရေဘောက်ဆာ (၅) စီးအား မြန်မာကျပ်ငွေဖြင့် ဝယ်ယူရန် ရှိပါသဖြင့် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ် ပါသည်။ အသေးစိတ်အချက်အလက်ကို သိရှိနိုင်ရန် ပုံကို Download ပြုလုပ်ပါရန်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

အပူပိုင်းဒေသစိမ်းလန်းစိုပြည်‌ရေးဦးစီးဌာန

  ၁ /၂၀၂၂-၂၀၂၃ အိတ်ဖွင့်တင်ဒါ (Open Tender) ခေါ်ယူခြင်း

 

၁။                ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ၏ အစီအစဉ်ဖြင့် စ.ထ.ထ.ရလုပ်ငန်းများနှင့် အထူးစိမ်းလန်းစိုပြည်ရေးစီမံကိန်းလုပ်ငန်းများတွင် အသုံးပြုရန်အတွက် စက်သုံးဆီ (ဒီဇယ်)များ ဝယ်ယူလိုပါသဖြင့် စိတ်ဝင်စားသူ လုပ်ငန်းရှင်များ အား အိတ်ဖွင့်တင်ဒါခေါ်ယူအပ်ပါသည်-

စဉ် ပစ္စည်းအမျိုးအမည် အရေအတွက်
(က) ဒီဇယ်ဆီ

(HSD 500 ppm)

၅၀၀၀ – ဂါလန်

( ၂၂၇၃၀ )လီတာ

၂။                 အိတ်ဖွင့်တင်ဒါ လျှောက်လွှာပုံစံများကို (၁၆-၅-၂၀၂၂)ရက်နေ့၊ ရုံးချိန်အတွင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၈)၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ နေပြည်တော်တွင်လည်းကောင်း၊ ပုသိမ်ကြီးမြို့၊ အပူပိုင်းဒေသစိမ်း လန်းစိုပြည်ရေးဦးစီးဌာန၊ စီမံခန့်ခွဲရေးဌာနတွင် လည်းကောင်း စတင်ရောင်းချသွားမည်ဖြစ်ပြီး၊   (၂၇-၅-၂၀၂၂)ရက်နေ့ (၁၆:၃၀)နာရီအချိန်၌  နောက်ဆုံးထား၍ လာရောက်ပေးသွင်းရမည်ဖြစ် ပါသည်။ သတ်မှတ်ကာလထက် ကျော်လွန်သော အဆိုပြုလွှာများကို ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။

၃။                အိတ်ဖွင့်တင်ဒါနှင့်ပတ်သက်၍ အချက်အလက်များကို အသေးစိတ်သိရှိလိုပါက အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန website www.dryzonegreening.gov.mm တွင် ဝင်ရောက်ကြည့်ရှု၍လည်းကောင်း၊ ဖုန်း ၀၆၇ ၃၄၀၅၃၈၇ ၊ ၀၂ ၄၀၅၇၀၃၈ ၊ ၀၂ ၄၀၅၈၀၄၆ သို့ ရုံးချိန် အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

 

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန

OiL(13000) Gal(Tinder) – Copy

သတင်းများ

Dryzone