မြေဆီလွှာ

  • Home
  • /
  • မြေဆီလွှာ

မြေဆီလွှာ

မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသ၏ မြေဆီလွှာမှာ အောက်ခံကျောက်များနှင့် ရာသီ ဥတု အပေါ်မူတည်ပြီး ဖြစ်ပေါ်တည်ရှိနေပါသည်။ ဤဒေသကြီးတစ်ခုလုံးသည် ရှေးယခင်မှ မျက်မှောက် ခေတ်ကာလအထိ အနည်ကျကျောက်များဖြင့် ဖုံးလွှမ်းနေပါသည်။​ ကျောက်များမှာ သဲကျောက်၊ ယှေလ (Shale)ကျောက်နှင့် ရွံ့ကျောက်များဖြစ်ပြီး သဲဆန်၍ပွပျော့ပါသည်။ မြေမျက်နှာပြင် အခြေအနေအလိုက် ကြည့်ပါက အမြင့်ပိုင်းရှိကျောက်များမှာ မာ၍ အနိမ့်ပိုင်းရှိ ကျောက်များမှာ ပွပျော့ကြပါသည်။ ရာသီဥတု ပူပြင်းခြောက်သွေ့သဖြင့် စိမ့်ဝင်မှု နည်းခြင်း၊ အငွေ့ပျံမှု များခြင်းတို့ကြောင့် မြေလွှာတွင် အများအားဖြင့် ထုံးပါဝင်မှုများပါသည်။ မြေဆီလွှာအတွင်း ရေပါဝင်မှုမှာ(၁၀%) မျှသာရှိပြီး ​မြေ၏အရောင်များမှာ အများ အားဖြင့် ဖျော့ပြီး အပေါ်ယံ သစ်ဆွေးမြေလွှာ လွန်စွာနည်းပါးပါသည်။ အပူပိုင်းဒေသ တိုင်း​ဒေသကြီး (၃) ခုအတွင်း အဓိကတွေ့ရှိရသည့် မြေဆီလွှာအမျိုးအစားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

မြေဆီလွှာအမျိုးအစား မြေဆီလွှာ အခြေအနေ တွေ့ရှိနိုင်သည့် ဒေသ မှတ်ချက်
မြေဝါသဲဝန်း
(Cinnamon Soil)
နီညိုဖျော့ရောင်၊မြေဩဇာကောင်း pH(၆) မှ (၇.၅)ရှိ ကုန်းမြင့်ဒေသ၊ မန္တလေးနှင့်ရှမ်းပြည်နယ်စပ်တောင် စွယ်များ၊ မန္တလေးနှင့် မကွေးတိုင်းရှိ ပဲခူးရိုးမတောင် စွယ်များနှင့် ရခိုင်ရိုးမတောင်စွယ်များ၌ တွေ့ရှိရပါ သည်။ အင်တိုင်းတောများရှိ ပြီး အင်၊ ကညင်ပင် များ ရောနှောပေါက် ရောက်ပါသည်။
မြေဝါသဲဝန်း
(Cinnamon Soil)
နီညိုဖျော့ရောင်၊​မြေဩဇာကောင်း pH(၆) မှ (၇.၅)ရှိ ကုန်းမြင့်ဒေသ၊ မန္တလေးနှင့်ရှမ်းပြည်နယ်စပ်တောင် စွယ်များ၊ မန္တလေးနှင့် မကွေးတိုင်းရှိ ပဲခူးရိုးမတောင် စွယ်များနှင့် ရခိုင်ရိုးမတောင်စွယ်များ၌တွေ့ရှိရပါ သည်။ အင်တိုင်းတောများရှိ ပြီး အင်၊ ကညင်ပင် များ ရောနှောပေါက် ရောက်ပါသည်။
မြေနီသဲဝန်း
(Red Brown Savana soil)
နီညိုရောင်ရှိ၊
သဲဆန်၊ ရေထိန်း သိမ်းမှု (၃.၂%) မှ (၉.၅%) အထိရှိပြီး ထုံးပါဝင်မှုများပါသည်။
အခြောက်သွေ့ဆုံးဒေသများတွင် တွေ့ရ၊ အချို့ ဆား ပေါက်မြေများဖြစ်၊ မြေမျက်နှာပြင် မညီမညာသည့် ဒေသများတွင်တွေ့ရှိ၊ မန္တလေးတိုင်းဒေသကြီးတွင် နွားထိုးကြီး၊ မြင်းခြံ၊ တောင်သာ၊ ဝမ်းတွင်း၊ ကျောက် ပန်းတောင်း၊ မလှိုင်၊ မိတ္ထီလာ၊ ရမည်းသင်းနှင့် ပျော် ဘွယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် မုံရွာ၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီးတွင် မြို့သစ်၊ ရေနံချောင်း၊ နတ်မောက်စသည့် မြို့နယ်များတွင်အများဆုံးတွေ့ရှိ မြေဆီလွှာ အညံ့ဆုံး ဖြစ်ပြီး အညံ့ဆုံးဖြစ် သော ဆူးချုံတော များ ရှား၊ သန်း၊ ဒဟတ်ပင်များ ပေါက်ရောက်ပါ သည်။
စနယ်မြေ (Dark Compact Soil) အနက်ရောင်ရှိ၊
ခြောက်သွေ့အက်ကွဲ၊ ရေထိန်းမှု (၂၈.၄%) ခန့်ရှိပြီး ရေထိန်းမှုကောင်း
မူးမြစ်ဝှမ်းဒေသများဖြစ်သည့် ရွှေဘို၊ ရေဦး၊ ခင်ဦး၊ ဝက်လက်ဒေသများ၊ ဇော်ဂျီ နှင့် ပန်းလောင်မြစ်ဝှမ်း ဒေသများဖြစ်သည့် ကျောက်ဆည်၊ မြစ်ငယ်၊ တံတား ဦးနှင့် ယောချောင်း ဒေသများတွင် တွေ့ရှိရပါသည်။ စိုက်ပျိုးရေးထွန်းကား ပြီး ထနောင်းနှင့် ဆူး ချုံ တောကောင်းများ ပေါက်ရောက်ပါသည်။
နုန်းမြေဆီလွှာ (Alluvial Soil) အရောင် ဖျော့ပြီး အငန်ဓါတ်များ၊ မိုးရေထိန်းသိမ်းမှု (၁၆ %) ခန့်ရှိပြီး ထိန်းသိမ်းမှုနည်း ဧရာဝတီမြစ်ဝှမ်းဒေသများ ကျွန်းနှင့် မြစ်ချောင်းများ ၏ ပတ်ဝန်းကျင်ဒေသများ၊ မြေနိမ့်ဒေသများ၊ လျို မြောင်များနှင့် မြစ်ချောင်းများ၏အဝ “နုန်းသတ် ဒေသ” များတွင်တွေ့ရှိရ၊ ဒေသအလိုက် ကွက်ကြား ဖြစ်ပေါ် နေသည့် မြေဆီလွှာများကို တွေ့ရှိရပါသည်။ ကြသောင်းဝါး၊ အင် နှင့် အင်ကြင်းပင်များ ပေါက်ရောက်ပါသည်။

ပုံ(၂) – မြေဆီလွှာအမျိုးအစားပြ မြေပုံ

Dryzone