02
Oct

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ မန္တလေးမြို့ စာမေးပွဲဖြေဆိုရန်အသိပေးကြေညာခြင်း

                                                                                                                ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ(၂)ရက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး

မန္တလေးမြို့

စာမေးပွဲဖြေဆိုရန်အသိပေးကြေညာခြင်း

၁။        သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၏ ၂၀၁၆ ခုနှစ်၊  စက်တင်ဘာလ (၁၅ရက်စွဲဖြင့် မြန်မာ့အလင်းသတင်းစာမှ ခေါ်ယူထားသည့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနတွင်  လစ်လပ်လျက်ရှိသော တောအုပ်ကြီး (လစာနှုန်း ကျပ်  ၁၈၀၀၀၀ – ၂၀၀၀ – ၁၉၀၀၀၀ရာထူး(၁၅)နေရာအတွက် လျှောက်လွှာတင်ထားသည့် ပုဂ္ဂိုလ်များကို သစ်တောတက္ကသိုလ်၊ ရေဆင်းတွင် အောက်ဖော်ပြပါ အတိုင်း ရေးဖြေစာမေးပွဲ စစ်ဆေးမည်ဖြစ်ပါသည်

စဉ်

ဘာသာရပ်

ဖြေဆိုမည့်ရက်

အချိန်

(က)

မြန်မာစာ ၂၆-၁၁-၂၀၁၆

(စနေနေ့)

၀၉ : ၀၀နာရီမှ ၁၁ : ၀၀နာရီထိ

(ခ)

အင်္ဂလိပ်စာ ၂၆-၁၁-၂၀၁၆

(စနေနေ့)

၁၃ : ၀၀နာရီမှ ၁၅ : ၀၀နာရီထိ

(ဂ)

အထွေထွေဗဟုသုတ ၂၇-၁၁-၂၀၁၆

(တနင်္ဂနွေနေ့)

၀၉ : ၀၀နာရီမှ ၁၁ : ၀၀နာရီထိ

၂။  စာမေးပွဲဖြေဆိုရန်အတွက် မိမိတို့တစ်ဦးချင်းစီ၏ စာမေးပွဲခုံနံပါတ်များကို သစ်တောတက္ကသိုလ် ၊ ရေဆင်းတွင်လည်းကောင်း၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၏www.dryzonegreening.gov.mm/?q=media/329958 webpage တွင်လည်းကောင်း ကြိုတင်ကြေညာ ပေးထားမည်ဖြစ်ပါသည်။ ရေးဖြေစာမေးပွဲအောင်မြင်သူများအား လူတွေ့ဖြေဆို ရမည့် ရက်စွဲ၊ အချိန်၊ နေရာတို့အား ဆက်လက်ထုတ်ပြန်ကြေညာ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၃။ စာမေးပွဲဖြေဆိုရန် လျှောက်ထားသူများသည် စာမေးပွဲဖြေဆိုမည့် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက် (စနေနေ့နံနက် ၈:၀၀နာရီအရောက် ဖြေဆိုရန်နေရာသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းနှင့်အတူ လာရောက်သတင်းပေးပို့ရန်နှင့် စတင်စစ်ဆေးမည့် သတ်မှတ်ချိန်ထက် နောက်ကျ၍ စာမေးပွဲခန်းမအတွင်းသို့ ရောက်ရှိလာသော ပုဂ္ဂိုလ်များအား စာမေးပွဲဖြေ ဆိုခွင့်ပြုမည်မဟုတ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန