GERES စီမံကိန်း

  • Home
  • /
  • GERES စီမံကိန်း

GERES စီမံကိန်း

“The Group for Environment , Renewable Energy and Solidarity (GERES)”နှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ သာစည်မြို့နယ်အတွင်း ကျေးလက်နေ ပြည် သူများနှင့် အိမ်ထောင်စုများ စွမ်းအင်ရရှိရေး ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း “Cooperation on the Rural Energy Access for Communities and Households (REACH) project in Thazi Township” ကို မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် စီမံကိန်းကာလ (၃၂) လကြာ ဆောင် ရွက်လျက်ရှိပါသည်။ ‌ငွေကြေးထောက်ပံ့သည့် အဖွဲ့အစည်းမှာ ပြင်သစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (French Development Agency-AFD) ဖြစ်ပြီး၊ ထောက်ပံ့မှုပမာဏ (ရန်ပုံငွေ) မှာယူရို (၆၂၀,၀၀၀) ဖြစ်ပါသည်။ (၁-၄-၂၀၁၉) ရက်နေ့တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့်် GERES တို့ RoD လက်မှတ်ရေးထိုးခဲ့ပြီး စီမံကိန်းလုပ်ငန်းများ အနေဖြင့် စျေးကွက်သုတေသနဆောင်ရွက်ခြင်း၊ လုပ်ငန်း ရှင်များအား အကဲဖြတ်ခြင်းနှင့် စိစစ်ရွေးချယ်ခြင်း၊ စွန့်ဦးတီထွင်သူများမှ ပါဝင်ဆောင်ရွက်မည့် လုပ်ငန်း သတ်မှတ်ခြင်းနှင့် သက်ဆိုင်ရာ သင်တန်းများပေးခြင်း၊ စျေးကွက်တင်နည်းဗျူဟာ ဖော်ထုတ်ခြင်းနှင့် အသုံးချခြင်း၊ ရေရှည်သုံး စွမ်းအင်သုံးပစ္စည်းများ ဖြန့်ဖြူးခြင်းတို့ ဆောင်ရွက်လျက်ရှိပါသည်။

Dryzone