ဒုတိယညွှန်ကြားရေးမှူးချုပ်၏ တာဝန်ဝတ္တရားများ

  • Home
  • /
  • ဒုတိယညွှန်ကြားရေးမှူးချုပ်၏ တာဝန်ဝတ္တရားများ

ဒုတိယညွှန်ကြားရေးမှူးချုပ်၏ တာဝန်ဝတ္တရားများ

ဒုတိယညွှန်ကြားရေးမှူးချုပ်၏ တာဝန်ဝတ္တရားများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(၁) သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုကိုခံယူ ၍ နိုင်ငံတော်အစိုးရမှ ချမှတ်ထားသော အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဆိုင်ရာ မူဝါဒများနှင့်အညီ လုပ်ငန်းရည်မှန်းချက်များ ချမှတ်၍ အကောင်အထည်ဖော်ရာ၌ ရ/သုံးမှန်းခြေ ငွေစာရင်းများ၊ အမြဲတမ်းလိုက်နာရန် အမိန့်များ၊ ဌာနဆိုင်ရာ ညွှန် ကြားချက်များနှင့် ဝန်ထမ်းရေးရာကိစ္စများကို ညွှန်ကြားရေးမှူးချုပ်၏ ကိုယ်စား အမိန့်ချမှတ် ဆောင်ရွက်ခြင်း၊

(၂)  ညွှန်ကြားရေးမှူးချုပ်ကိုယ်စား အထက်အဖွဲ့အစည်းများ၊ အခြား လုပ်ငန်းဌာန၊ အဖွဲ့ အစည်းများနှင့်လက်အောက်ခံရုံးများမှ ညွှန်ကြားဆက်သွယ်ပေးပို့လာသော ကိစ္စရပ် များနှင့် ဖြေရှင်းပေးရမည့်ကိစ္စရပ်များကို အမိန့်ချမှတ် တာဝန်ယူဆောင်ရွက်ခြင်း၊

(၃)  ညွှန်ကြားရေးမှူးချုပ် ခရီးထွက်ခွာသည့်ကာလများတွင် ညွှန်ကြားရေးမှူးချုပ်၏ လုပ်ငန်းတာဝန်များကို ကိုယ်စားဆောင်ရွက်ခြင်း။

Dryzone