ထင်းအစားအခြားလောင်စာ တိုးမြှင့်အသုံးချရေး ဆောင်ရွက်ခြင်း (ထ)

  • Home
  • /
  • ထင်းအစားအခြားလောင်စာ တိုးမြှင့်အသုံးချရေး ဆောင်ရွက်ခြင်း (ထ)

ထင်းအစားအခြားလောင်စာ တိုးမြှင့်အသုံးချရေး ဆောင်ရွက်ခြင်း (ထ)

ထင်းအစား အခြားလောင်စာများနှင့် မီးဖိုအမျိုးမျိုး၊ အခြားစွမ်းအင် အမျိုးမျိုးတို့ကို တီ ထွင် ထုတ်လုပ် ရောင်းချဖြန့်ဖြူးကြရာတွင် အခြားစီးပွားရေးလုပ်ငန်းမှာကဲ့သို့ အမြတ်အစွန်းရရှိရေး တစ်ခုတည်းကိုသာ ဦးတည်ဆောင်ရွက်မှု မပြုဘဲ၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး၊ သဘာဝ တော တောင်ရေမြေ ထိန်းသိမ်းရေး၊ ရာသီဥတု သင့်တင့်မျှတ၍ လယ်ယာသီးနှံ အထွက်တိုးရေး အစရှိသည့် ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှု၍ ဝိုင်းဝန်းကူညီပံ့ပိုးကြရန် လိုအပ်ပါသည်။ လုပ်ငန်း ရှင်များ၏ သုတေသန လုပ်ငန်းများ၊ တီထွင်ပြုလုပ်မှု လုပ်ငန်းများ၊ အများအပြား ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်မှု လုပ်ငန်းများ၊ သယ်ယူပို့ဆောင် ဖြန့်ဖြူးရေးအပိုင်းများတွင် နိုင်ငံတော်မှ အတတ်နိုင်ဆုံး အထောက်အကူ ပေးမည်ဖြစ်သကဲ့သို့ လုပ်ငန်းရှင်များဘက်မှလည်း စီးပွားရေးဆန်ဆန် မဆောင်ရွက် ကြရန် အရေးကြီးပါသည်။ ရှေးအစဉ်အဆက် နှစ်ပေါင်းများစွာ သုံးစွဲခဲ့ကြသည့် သမားရိုးကျနည်းစနစ်ကို ဖယ်ရှား၍ ခေတ်မီနည်းစနစ်များကို အစားထိုးရာတွင် သုံးစွဲကြသူများက လိုလိုလားလား နှစ်ခြိုက် လက်ခံနိုင်သည့် အဆင့်ရောက်သည်အထိစိတ်ရှည်ရှည်ထား၍ ကောင်းသည်ထက်ကောင်းအောင် ပြုပြင် ဆောင်ရွက်ပေးရမည် ဖြစ်ပါသည်။ မိမိတို့ တီထွင်ထုတ်လုပ်သည့်  ပုံစံသစ် ပစ္စည်းများသည် အရည် အသွေးအားဖြင့် သမားရိုးကျ ပစ္စည်းများထက် သာလွန်ရမည် ဖြစ်သကဲ့သို့ စျေးနှုန်း သက်သာစေရန်နှင့် သုံးစွဲရာတွင်လည်း ကြာရှည်ခံစေရန် စေတနာမှန်ဖြင့်ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။ အရည် အသွေးကောင်းမွန်၍ သုံးစွဲသူများနှစ်သက်လက်ခံနိုင်သည့်အဆင့်ရောက်ပါက သုံးစွဲသူများ လိုအပ်သည့် ပမာဏအား ဖြန့်ဖြူးပေးနိုင်ရန် အချိန်တိုအတွင်း အများအပြားထုတ်လုပ်နိုင်မည့် နည်းစနစ်ဖြင့် ထုတ် လုပ်နိုင်ရန်လည်း ကြိုးပမ်းဆောင်ရွက်ရပါမည်။ သို့မှသာ သစ်/ ထင်း သုံးစွဲမှု တစ်ဟုန်ထိုး ကျဆင်းသွား ကာ မျှော်မှန်းချက်များ ရာနှုန်းပြည့် ရရှိနိုင်မည်ဖြစ်ပါသည်။ ရာသီဥတုပြောင်းလဲမှု၊ သဘာဝပတ်ဝန်း ကျင်နှင့် သစ်တော/သစ်ပင်များ ထိန်းသိမ်းမှုတို့ကို အထောက်အကူ ပြုစေရန်အတွက် အပူပိုင်း​ဒေသစိမ်း လန်းစိုပြည်​ရေးဦးစီးဌာနအ​နေဖြင့် ထင်းအစားအခြား​လောင်စာတိုးမြှင့်အသုံးချ​ရေးအနေဖြင့် အောက်ပါ လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

(၁) စွမ်းအားမြှင့်မီးဖိုများဖြန့်ဖြူးခြင်း

အပူပိုင်းဒေသတွင် သမရိုးကျ သုံးပွင့်ဆိုင် ဖိုခုံလောက်မီးဖိုများကို အသုံးပြုခြင်းကြောင့် လောင်စာစွမ်းအင် အလဟဿဖြစ်မှုများပြားပြီး အကျိုးဆက်အနေဖြင့် သဘာဝ သစ်တောသစ်ပင်များ ခုတ်လှဲ အသုံးပြုမှုများပြားကာ ပတ်ဝန်းကျင်ရှိ သစ်တောသစ်ပင်များ ပျက်စီးပြုန်းတီးလာသောကြောင့် သမရိုးကျဖိုခုံလောက်မီးဖိုနှင့် နှိုင်းစာလျှင် ထင်းကုန်ကျမှု(၄၀%) ခန့် သက်သာစေသော စွမ်းအားမြှင့်မီးဖို များအား တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များမှ လူထူပညာပေးဟောပြောပွဲများ၊ တိုးချဲ့ပညာပေးစခန်း များနှင့် ထင်းအစားအခြားလောင်စာသုံး စံပြကျေးရွာများတွင် ဒေသခံပြည်သူများအား အခမဲ့ဖြန့်ဖြူး လျက်ရှိပါသည်။ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဉီးစီးဌာန၏ တိုင်းဒေသကြီး () ခုအတွင်း ၁၉၉၇၁၉၉၈ ဘဏ္ဍာနှစ်မှ ၂၀၂၁၂၀၂၂ ၆-လဘဏ္ဍာနှစ်ကုန်အထိ ဖြန့်ဖြူး​ပေးခဲ့သည့် စွမ်းအားမြှင့်မီးဖို စာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်

စဉ် တိုင်းဒေသကြီး ဖြန့်ဝေပြီးစီးခဲ့သည့် စွမ်းအားမြှင့်မီးဖိုအရေအတွက် (လုံး)
စစ်ကိုင်း ၁၈၈,၅၀၃
မကွေး ၃၄၂,၉၇၄
မန္တလေး ၂၀၄,၂၈၂
စိမ်း/စိုပေါင်း ၇၃၅,၇၅၉

(၂) ထင်းအစား အခြားလောင်စာတောင့်များ သုံးစွဲခြင်း

ထင်းအစားထိုး လောင်စာတောင့်များအား နေအိမ်များတွင် နေ့စဉ်ချက်ပြုတ်မှုနှင့် စား သောက်ဆိုင်များ၊ အသေးစား/အလတ်စား စက်မှုလုပ်ငန်းများတွင် အစားထိုးအသုံးပြုခြင်းဖြင့် ပြည်သူ လူထုနှင့်လုပ်ငန်းရှင်များ ကုန်ကျစရိတ်သက်သာစေပြီး လောင်စာစွမ်းအင် ပိုမိုထိရောက်စွာ အသုံးချနိုင် စေရန် လောင်စာတောင့်စက်ရုံများ ပံ့ပိုးတည်ထောင်ပြီး ကျယ်ပြန့်စွာထုတ်လုပ်သုံးစွဲနိုင်ရေး ဆောင်ရွက် လျက်ရှိပါသည်။ ​ထင်း/မီးသွေး အစားထိုး ​လောင်စာ​တောင့် အမျိုးအစားများဖြစ်သည့် (၁) စပါးခွံလောင် စာတောင့်၊ (၂) ဆီးခွဲခြမ်းလောင်စာ​တောင့်၊ (၃) ရေနံချိုး ​လောင်စာ​တောင့်၊ (၄) ​ကျောက်မီးသွေး လောင်  စာတောင့်၊ (၅) မီးသွေးမှုန့်လောင်စာတောင့်၊ (၆) လွှစာမှုန့်လောင်စာတောင့်များအား တိုင်း​ဒေသကြီး (၃)ခုတွင် လုပ်ငန်းရှင်များမှ ထုတ်လုပ်/ရောင်းချဖြန့်ဖြူးခဲ့ရာ ၁၉၉၇-၁၉၉၈ ဘဏ္ဍာနှစ်မှ ၂၀၂၁-၂၀၂၂ ၆-လ ဘဏ္ဍာနှစ်ကုန်အထိ အသုံးပြုနိုင်ခဲ့သည့်  လောင်စာတောင့်အရေအတွက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

စဉ် တိုင်းဒေသကြီး သုံးစွဲပြီးစီးသည့် လောင်စာတောင့်အရေအတွက် (တုံး)
စစ်ကိုင်း ၃၁,၈၈၇,၁၅၄
မကွေး ၆၀,၅၅၂,၅၆၉
မန္တလေး ၃၇,၄၁၃,၉၅၃
စိမ်း/စိုပေါင်း ၁၂၉,၈၅၃,၆၇၆

(၃) စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများ သုံးစွဲခြင်း

ထင်းအစား အခြားလောင်စာများ တိုးမြင့်သုံးစွဲရေးကို အထောက်အကူဖြစ်​စေရန်အတွက် စိုက်ပျိုး​ရေးလုပ်ငန်းများမှ ထွက်ရှိလာသည့်် နှမ်းရိုး၊ ပဲစင်းငုံရိုး၊ ဝါရိုးနှင့် ​မြေပဲခွံစသည့် စိုက်ပျိုး​ရေးစွန့် ပစ်ပစ္စည်းများအား လောင်စာအဖြစ် ထည့်သွင်းအသုံးပြုနိုင်ရေး၊ တိုးချဲ့သုံးစွဲသွားနိုင်ရေး တွန်းအားပေး ဆောင်ရွက်လျက်ရှိပါသည်။ အပူပိုင်းဒေသ တိုင်းဒေသကြီး (၃) ခုဖြစ်သည့် စစ်ကိုင်း၊ မ​ကွေးနှင့် မန္တလေး တိုင်းဒေသကြီးတို့အတွင်း ၁၉၉၇-၁၉၉၈ ဘဏ္ဍာနှစ်မှ ၂၀၂၁-၂၀၂၂ ၆-လ ဘဏ္ဍာနှစ်ကုန်အထိ အသုံးပြုခဲ့သည့်  စိုက်ပျိုးရေး စွန့်ပစ်ပစ္စည်း လောင်စာပမာဏမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

စဉ် တိုင်းဒေသကြီး သုံးစွဲဆောင်ရွက်ပြီးစီးသည့် စိုက်ပျိုး​ရေးစွန့်ပစ်ပစ္စည်း (တန်) 
စစ်ကိုင်း ၁၆၆,၂၂၅
မကွေး ၁,၀၁၂,၉၇၀
မန္တလေး ၃၀၀,၉၀၄
စိမ်း/စိုပေါင်း ၁,၄၈၀,၀၉၉

(၄) ထင်းအစား အခြားလောင်စာသုံး စံပြကျေးရွာများတည်ထောင်ခြင်း

ထင်းအစား အခြားလောင်စာသုံးစွဲစေခြင်းအားဖြင့် သဘာဝတောများပျက်စီးပြုန်းတီးမှု တဖြည်းဖြည်း လျော့နည်းသွားစေရန်၊ လယ်/ယာစိုက်ပျိုးရေးမှ ထွက်ရှိလာသော စိုက်ပျိုးရေးစွန့်ပစ် ပစ္စည်းများအား ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာစေရန်နှင့် ထင်းအစား အခြားလောင်စာသုံးစွဲသည့် စံပြ ကျေးရွာ/ရပ်ကွက်များမှ စံပြမြို့နယ်/ ခရိုင်များအထိ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာစေရန် ရည်ရွယ် ၍ ထင်းအစား အခြားလောင်စာသုံး စံပြကျေးရွာ၊ စံပြရပ်ကွက်များ ထူထောင်ခြင်းလုပ်ငန်းကို ဆောင် ရွက်လျက်ရှိရာ ၁၉၉၇-၁၉၉၈ ဘဏ္ဍာနှစ်မှ ၂၀၂၁-၂၀၂၂ ၆-လဘဏ္ဍာနှစ်ကုန်အထိ တိုင်းဒေသကြီး(၃) ခု တွင် တည်ထောင်ဆောင်ရွက်ပြီးသည့် စံပြကျေးရွာများ၏ အ​ရေအတွက်မှာ ​အောက်ပါအတိုင်းဖြစ်ပါသည်-

စဉ် တိုင်းဒေသကြီး တည်ထောင်​ပြီးစီးသည့် စံပြကျေးရွာအ​ရေအတွက်(ရွာ)
စစ်ကိုင်း ၂၆၅
မကွေး ၂၇၆
မန္တလေး ၂၄၇
စိမ်း/စိုပေါင်း ၇၈၈

တိုင်း​ဒေသကြီးများတွင် နှစ်အလိုက်တည်ထောင်သည့်စံပြကျေးရွာများမှ ရေရှည်ပူးပေါင်း ဆောင်ရွက်မှု ကောင်းမွန်သည့် စံပြ​ကျေးရွာများကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် မှစတင်၍ တိုင်းဒေသကြီး (၁) ခုလျှင် ထူးချွန်စံပြ​ကျေးရွာအဖြစ် (၁) ရွာစီ ရွေးချယ်၍ အခမ်းအနားဖြင့် ဆုချီးမြှင့်ခြင်းကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။

(၅) လူထုပညာပေး ဟောပြောပွဲများ ဆောင်ရွက်ခြင်း

ပြည်သူလူထုအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိအမြင်များ ကျယ်ပြန့်လာ စေရေးနှင့် ထင်းအစားအခြားလောင်စာ တိုးချဲ့သုံးစွဲနိုင်စေရေးဆောင်ရွက်ရာတွင် အနီးစပ်ဆုံးနှင့် အထိ ရောက်ဆုံး စည်းရုံးဆောင်ရွက်နိုင်သည့် နည်းလမ်းမှာ သက်ဆိုင်ရာကျေးရွာအရောက် ဟောပြောပွဲများ ပြုလုပ်ခြင်း ဖြစ်ပါသည်။ ပြည်သူလူထုကိုယ်တိုင် ထင်းအစား အခြားလောင်စာများ တိုးချဲ့သုံးစွဲရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့တွင် စိတ်ပါဝင်စားစွာ ပူးပေါင်းပါဝင်လာစေရန်အတွက် လူထု ပညာပေးဟောပြောပွဲ ဆောင်ရွက်ခြင်းအား မြို့နယ်ဦးစီးအရာရှိများမှ ၂၀၀၆-၂၀၀၇ မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ထိ () လလျင် () ကြိမ် ဆောင်ရွက်ခဲ့ပြီး၊ လူထုပညာပေးဟောပြောပွဲများ ပိုမိုထိရောက် အောင်မြင်စေရန် ၂၀၁၄၂၀၁၅ ဘဏ္ဍာနှစ်မှစ၍ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးများမှ တိုင်းဒေသကြီး အတွင်း () နှစ်လျင် အနည်းဆုံး(၁၂) ကြိမ်၊ ခရိုင် လက်ထောက်ညွှန်ကြားရေးမှူးများမှ ခရိုင်အတွင်းရှိ မြို့နယ်များတွင် () နှစ်လျှင် () မြို့နယ်၌ အနည်းဆုံး () ကြိမ် ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၆၂၀၁၇ ဘဏ္ဍာနှစ်မှ စတင်၍  မြို့နယ် ဦးစီးအရာရှိများမှ မြို့နယ်အတွင်း () လလျှင် () ကြိမ် တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပါသည်။ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၏ တိုင်းဒေသကြီး() ခုအတွင်း ၁၉၉၇၁၉၉၈ ဘဏ္ဍာနှစ်မှ ၂၀၂၁၂၀၂၂ ၆-လဘဏ္ဍာနှစ်ကုန်အထိ လူထုပညာပေးဟောပြောပွဲများ ကျင်းပဆောင်ရွက် ပြီးစီးမှုမှာ အောက်ပါအတိုင်း ဖြစ်ပါသည်

စဉ် တိုင်းဒေသကြီး လူထုပညာ​ပေး​ဟော​ပြောပွဲများ ဆောင်ရွက်ပြီးစီးမှု အ​ရေအတွက်(ကြိမ်) 
စစ်ကိုင်း ၇,၁၉၁
မကွေး ၉,၂၈၂
မန္တလေး ၆,၆၉၄
စိမ်း/စိုပေါင်း ၂၃,၁၆၇

(၆) တိုးချဲ့ပညာပေးစခန်းများ ဖွင့်လှစ်ဆောင်ရွက်ခြင်း

ထင်းလောင်စာသက်သာသော စွမ်းအားမြှင့်အေဝမ်းမီးဖိုများအားပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သုံးစွဲလာစေရေး၊ သစ်တောသစ်ပင်များအား ကိုယ်တိုင် စိုက်ပျိုးပြုစုထိန်းသိမ်း သုံးစွဲလာစေရေး နှင့် ဒေသခံများ ကိုယ်တိုင်တက်ကြွစွာပူးပေါင်း ပါဝင်သည့် ပြည်သူဗဟိုပြု စိုက်ပျိုးပြုစု ထိန်းသိမ်းခြင်း စနစ် ဖြစ်ပေါ်လာစေရေး အထောက်အကူပြုရန်အတွက် တိုင်းဒေသကြီးများ၌ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် မှစ၍ တိုးချဲ့ပညာပေးစခန်း(၂) ခုစီ ဖွင့်လှစ်ကာ စခန်းတစ်ခုစီတွင်(၁) လလျှင်(၂) ကြိမ်နီးစပ်ရာ ကျေးရွာ လူထု နှင့် စိတ်ပါဝင်စားသူတို့အား ခေါ်ယူပြသ အသိပညာပေးခြင်း ဆောင်ရွက်လျက်ရှိပါသည်။  ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် မှစ၍ ၂၀၂၁-၂၀၂၂ ၆-လဘဏ္ဍာနှစ်ကုန်အထိ တိုးချဲ့ပညာပေးစခန်းများ ဖွင့်လှစ်ပြသ၍ လူထုအသိပညာပေး ဟောပြောပွဲ (၉၁၇) ကြိမ်အား ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။ တိုင်းဒေသကြီးများ အလိုက် တိုးချဲ့ပညာပေးစခန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

တိုင်းဒေသကြီး မြို့နယ် တိုးချဲ့ပညာပေးစခန်း အမည်/တည်နေရာ
စစ်ကိုင်း ဝက်လက် ရေထွက်ပျိုးဥယျာဉ်
စစ်ကိုင်း ယင်းမာပင် ကောင်းဆင့်ပျိုးဥယျာဉ်
မကွေး မင်းဘူး ရွှေတပင်ပျိုးဥယျာဉ်
မကွေး မကွေး ​ဒေါင်းနေပျိုးဥယျာဉ်
မန္တလေး တောင်သာ အပူပိုင်းဇုန် ရုက္ခပျိုးဥယျာဉ်
မန္တလေး ရမည်းသင်း စည်ပင်ပျိုးဥယျာဉ်
Dryzone