ရာသီဥတုနှင့် အပူချိန်

  • Home
  • /
  • ရာသီဥတုနှင့် အပူချိန်

ရာသီဥတုနှင့် အပူချိန်

ပူပြင်းခြောက်သွေ့သည့် ရာသီဥတုဖြစ်ပြီး အထောက်အထားများအရ ဤဒေသ၏ ရာသီ ဥတုမှာ လွန်ခဲ့သောနှစ်ပေါင်း(၁၅) သန်းခန့်ကပင် ခြောက်သွေ့ခဲ့ကြောင်းလေ့လာသိရှိခဲ့ရပါသည်။ မြန်မာ နိုင်ငံအလယ်ပိုင်း၊ အပူပိုင်းဒေသသည် အပူချိန်ကွာခြားချက်များပြီး ရာသီဥတုပြင်းထန်သည့်ဒေသ ဖြစ်ပါ သည်။ မတ်လလယ်မှ ဧပြီလအထိ ကာလများသည် အပူချိန် အမြင့်မားဆုံးကာလ ဖြစ်ပါသည်။ အပူပိုင်း ဒေသ၌ အမြင့်ဆုံးပျမ်းမျှ အပူချိန်မှာ(၉၀° F)ပတ်ဝန်းကျင်တွင် ရှိ ပြီး ဒေသအလိုက် အမြင့်ဆုံးအပူချိန်မှာ (၁၁၀° F) အထိ ရှိတတ်ပါသည်။ ဆောင်းရာသီကာလများဖြစ်သည့် နိုဝင်ဘာလမှ ​ဖေ​ဖော်ဝါရီလ အထိ ကာလများသည် အပူချိန် အနိမ့်ဆုံးကာလများ ဖြစ်ပါသည်။ ဒေသအလိုက်အပူချိန်မှာ (၄၆° F) အထိရှိပြီး ပျမ်းမျှအနိမ့်ဆုံး အပူချိန်မှာ (၅၀° F) ပတ်ဝန်းကျင်တွင် ရှိပါသည်။ နှစ်အတွင်း အပူချိန် ခြားနားချက်မှာ (၅၀° F) ပတ်ဝန်းကျင်တွင်ရှိကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်း ဒေသ၏ အပူဆုံးကာလမှာ ဧပြီလဖြစ်ပြီး အအေးဆုံးကာလမှ ဇန်နဝါရီလဖြစ်ကြောင်း သိရှိရပါသည်။

Dryzone