ရွှေပုံတောင်စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်မှု

  • Home
  • /
  • ရွှေပုံတောင်စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်မှု

ရွှေပုံတောင်စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်မှု

ရွှေပုံတောင်အထူးစိမ်းလန်းစိုပြည်ရေးနယ်မြေသည် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်မှ မြောက်ဘက်(၁) မိုင်ခန့်အကွာ ချောက်-ညောင်ဦး မော်တော်ကားလမ်းနှင့် ဧရာဝတီ မြစ် အရှေ့ဘက်ကမ်းတွင်တည်ရှိပါသည်။ စေတီတော်မြတ်တည်ရှိရာ ကုန်းတော်သည် ပင်လယ်ရေမျက် နှာပြင် အထက် (၅၃၅) ပေ မြင့်မားပါသည်။ စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ဧရိယာအကျယ်အဝန်းမှာ (၁၂၃၇၉) ဧက ကျယ်ဝန်းပါသည်။ အပူပိုင်း တောခြောက် အမျိုးအစားဖြစ်၍ သဲနုန်းဆန်သော မြေအမျိုးအစားဖြစ်ပြီး သဘာဝပေါက်ပင်များမှာ ဝါးနွယ်၊ ခေါင်းလေး၊ ထနောင်း၊ မြန်မာရှား၊ ကန္တာစိမ်း၊ သပွတ်ကြီး၊ ဒဟတ်၊ ကျွန်းဖို၊ သပေါက်၊ သစ်ပုဂံနှင့် ဇနီတို့ ပေါက်ရောက်ကြပါ
−၄၅−
သည်။ ရွှေပုံတောင်ဒေသ ပတ်ဝန်းကျင်သည် မိုးရေချိန်နည်းပါးပြီး ပူပြင်းခြောက်သွေ့သည့် ဒေသဖြစ် သဖြင့် နှစ်စဉ်မိုးရွာသွန်းမှု အခြေအနေမှာ ၂၀၁၀ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ (၁၀)နှစ်တာ ကာလအတွင်း ပျမ်းမျှ မိုးရွာသွန်းရက် (၃၇) ရက်၊ မိုးရေချိန်မှာ (၂၃.၂၂) လက်မ ရှိပါသည်။
၂၀၀၀ ခုနှစ်မှ စ၍ မြင်းကောင်ရေ (၂၅) ကောင် ဒီဇယ်အင်ဂျင်ဖြင့် မြစ်ရေတင်ခြင်း လုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ပါသည်။ လျှပ်စစ်မြစ်ရေတင်ခြင်းလုပ်ငန်း ဆောင်ရွက်ရန် 200 KV Transformer၊ မြင်းကောင်ရေ ၅၀ မော်တာနှင့်် ၅ ထပ်ပန့် ရေတင်စက် အမျိုးအစားဖြင့်(၁၇-၇-၂၀၁၅) ရက်နေ့မှ စတင်လည်ပတ်ခဲ့ပါသည်။ ဧရာဝတီမြစ်ရှိ ပွန်တွန်းရေတင်စက်မှ B3 ကုန်းရှိ ဂါလန်(၂၀၀၀၀) ဆံ့ ရေကန် (၂) ကန်သို့ လျှပ်စစ်မြစ်ရေတင်ခြင်း ဖြင့်ဆောင်ရွက်ပါသည်။ ၂၀၁၁ ခုနှစ်မှ စတင်၍ ၂၀၂၀ ခုနှစ်အထိ ရေလောင်းလုပ်သားများဖြင့် ပျိုးပင် (၂၄၂၅၇) ပင်အား ရေလောင်းခြင်းလုပ်ငန်း ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။ ရွှေပုံတောင် စိမ်းလန်းစိုပြည်ရေးအတွက် တမာစိုက်ခင်း တည်ထောင်ခြင်း လုပ်ငန်းကို ၂၀၀၀-၂၀၀၁ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အထိ စိုက်ခင်း (၃၈၅၀) ဧက တည်ထောင်စိုက်ပျိုးပြီး ဖြစ်ပါသည်။ အထူးစိမ်းလန်းစိုပြည်‌ရေး သစ်ပင်စိုက်ပျိုးခြင်းအနေ ဖြင့် ကွက်လပ်ဖြည့်စိုက်ပျိုးခြင်းနှင့် မြစ်ရေသွယ်တန်းသည့်ဒေသများတွင် တမာပင်ကြီးများ ဖြည့်စွက် စိုက်ပျိုးခြင်း လုပ်ငန်းကို ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အထိ အောက်ပါအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်-

စဉ် ဘဏ္ဍာနှစ် စိုက်ပျိုးသည့် အရေအတွက်(ပင်)
၂၀၁၀-၂၀၁၁ ၆၀၀၀၀
၂၀၁၁-၂၀၁၂ ၇၅၄၅၀
၂၀၁၂-၂၀၁၃ ၇၉၄၁၃
၂၀၁၃-၂၀၁၄ ၃၀၉၀၁
၂၀၁၄-၂၀၁၅ ၁၀၂၉၆
၂၀၁၅-၂၀၁၆ ၃၁၄၇၀
၂၀၁၆-၂၀၁၇ ၁၀၅၀၀
၂၀၁၇-၂၀၁၈ ၁၀၅၀၀
၂၀၁၈ (၆)လ ၁၄၀၀၀
၁၀ ၂၀၁၈-၂၀၁၉ ၁၇၂၀၀
စုစုပေါင်း ၃၃၉၇၃၀

ချောက်မြို့နယ်၊ ရွှေပုံတောင်ဒေသတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (၂၀၂၀ ပြည့်နှစ် မိုးရာသီ တွင်) အထူးစိမ်းလန်းစိုပြည်ရေး စိုက်ပျိုးခြင်း (၁၈၆၅၀) ပင် ကို အကောင်အထည် ဖော်ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

Dryzone