ရုံး၊ ဌာနများနှင့်တာဝန်

  • Home
  • /
  • ရုံး၊ ဌာနများနှင့်တာဝန်

ရုံး၊ ဌာနများနှင့်တာဝန်

ညွှန်ကြားရေးမှူးချုပ်ရုံး၊ ညွှန်ကြားရေးမှူးချုပ်၏ တာဝန်ဝတ္တရားများ

 

ညွှန်ကြားရေးမှူးချုပ်ရုံး၊ ညွှန်ကြားရေးမှူးချုပ်၏ တာဝန်ဝတ္တရားများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-

(၁)   သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ လမ်းညွှန်မှုကို ခံယူ၍ နိုင်ငံတော်အစိုးရမှ ချမှတ်ထားသော မူဝါဒများနှင့်အညီ အပူပိုင်းဒေသ စိမ်း လန်းစိုပြည်ရေး ရည်ရွယ်ချက်ပါလုပ်ငန်းများ အောင်မြင်စေရန်အတွက် ရည်မှန်း ချက်များ ချမှတ်ခြင်း၊

(၂)   သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အခါအားလျော်စွာ ချမှတ်ထားသော မူဝါဒများ၊ စည်းမျဉ်းများ၊ ညွှန်ကြားချက်များကို လိုက်နာဆောင် ရွက်ရန်အတွက် စီမံ၊ ကွပ်ကဲ၊ ကြီးကြပ် ဆောင်ရွက်ခြင်း၊

(၃)   ဦးစီးဌာန၏ ရ/သုံးမှန်းခြေငွေစာရင်း ရေးဆွဲခြင်း၊ ရံပုံငွေတောင်းခံခြင်း၊ ရရှိသည့် ရန်ပုံငွေ များကို ဦးစီးရုံးချုပ်ရှိ ဌာနများနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ရုံးများသို့ ဘဏ္ဍာရေး စည်းမျဉ်းများနှင့်အညီ လိုအပ်သလို ညှိနှိုင်းခွဲဝေ သုံးစွဲခြင်း၊

(၄)   အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် သက်ဆိုင်သည့် အမြဲတမ်းလိုက်နာ ရန် အမိန့်များနှင့် ဌာနဆိုင်ရာညွှန်ကြားချက်များ ထုတ်ပြန်ခြင်း၊

(၅)   ဝန်ထမ်းအသီးသီး၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို သတ်မှတ်ခြင်း၊ တာဝန် ကျေပွန် သူများကို ထိုက်သင့်သလို ဆုချီးမြှင့်ခြင်း၊ ရာထူးတိုးမြှင့်ပေးခြင်း၊ တာဝန်မကျေသူ နှင့် အကျင့်ပျက်ဝန်ထမ်းများကို စစ်ဆေးအရေးယူရန် စီစဉ်ညွှန်ကြားခြင်း၊

(၆)   မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသ စိမ်းလန်းစိုပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေအသုံးချရေးနှင့် သစ်တောရေးရာမူဝါဒ၊ သစ်တောဥပဒေ၊ နည်းဥပဒေပါ သတ် မှတ်ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေး စီစဉ်ညွှန်ကြားခြင်း။

ဒုတိယညွှန်ကြားရေးမှူးချုပ်၏ တာဝန်ဝတ္တရားများ

 

ဒုတိယညွှန်ကြားရေးမှူးချုပ်၏ တာဝန်ဝတ္တရားများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(၁) သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုကိုခံယူ ၍ နိုင်ငံတော်အစိုးရမှ ချမှတ်ထားသော အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဆိုင်ရာ မူဝါဒများနှင့်အညီ လုပ်ငန်းရည်မှန်းချက်များ ချမှတ်၍ အကောင်အထည်ဖော်ရာ၌ ရ/သုံးမှန်းခြေ ငွေစာရင်းများ၊ အမြဲတမ်းလိုက်နာရန် အမိန့်များ၊ ဌာနဆိုင်ရာ ညွှန် ကြားချက်များနှင့် ဝန်ထမ်းရေးရာကိစ္စများကို ညွှန်ကြားရေးမှူးချုပ်၏ ကိုယ်စား အမိန့်ချမှတ် ဆောင်ရွက်ခြင်း၊

(၂)  ညွှန်ကြားရေးမှူးချုပ်ကိုယ်စား အထက်အဖွဲ့အစည်းများ၊ အခြား လုပ်ငန်းဌာန၊ အဖွဲ့ အစည်းများနှင့်လက်အောက်ခံရုံးများမှ ညွှန်ကြားဆက်သွယ်ပေးပို့လာသော ကိစ္စရပ် များနှင့် ဖြေရှင်းပေးရမည့်ကိစ္စရပ်များကို အမိန့်ချမှတ် တာဝန်ယူဆောင်ရွက်ခြင်း၊

(၃)  ညွှန်ကြားရေးမှူးချုပ် ခရီးထွက်ခွာသည့်ကာလများတွင် ညွှန်ကြားရေးမှူးချုပ်၏ လုပ်ငန်းတာဝန်များကို ကိုယ်စားဆောင်ရွက်ခြင်း။

စီမံခန့်ခွဲရေးဌာန၏ တာဝန်ဝတ္တရားများ

 

စီမံခန့်ခွဲရေးဌာန၏ တာဝန်ဝတ္တရားများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(၁)   အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် ရာတွင် အထောက်အကူပြုခြင်း၊

(၂ )  အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနရှိ ဝန်ထမ်းရေးရာကိစ္စရပ်များကို စီမံခန့် ခွဲခြင်း တာဝန်ယူဆောင်ရွက်ခြင်း

(၃)   အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၏ စီမံကိန်းလုပ်ငန်းများအရ နိုင်ငံခြား ပညာတော်သင် လေ့လာရေးခရီးစဉ် စေလွှတ်ရေးကိစ္စများ စီစဉ်ဆောင်ရွက်ခြင်း၊ နိုင်ငံခြားသား အတိုင်ပင်ခံများအတွက် လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးခြင်း၊

(၄)   နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ညွှန်ကြားရေး မှူးချုပ်၏ လမ်းညွှန်မှုခံယူ၍ ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊

(၅)   အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန တစ်ခုလုံးအတွက် လိုအပ်သော အထောက်အကူပြု ပစ္စည်းများကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ပြည်တွင်း၊ ပြည်ပမှ ဝယ်ယူသိုလှောင် ဖြန့်ဖြူးရေးကိစ္စများ တာဝန်ယူဆောင်ရွက်ခြင်း၊

(၆)   ဌာနတွင်း သုံးစွဲနေသော လုပ်ငန်းသုံးပစ္စည်းများကို စနစ်တကျ နေရာမှန် သုံးစွဲနိုင် ရေး စီမံခန့်ခွဲခြင်း၊

(၇)   ပျက်စီးသွားသော ခေတ်မမီ၍ အသုံးမပြုနိုင်သော ဌာနပိုင်ပစ္စည်းများ မဆုံးရှုံးစေ ရန် စီစဉ်ဆောင်ရွက် ထုခွဲရောင်းချခြင်း၊

(၈)   အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၏ ရ/သုံးငွေစာရင်း ကိစ္စရပ်များ၊ ရန်ပုံ ငွေရရှိရေး ကိစ္စရပ်များ၊ ညွှန်ကြားရေးမှူးချုပ်၏ ညွှန်ကြားချက်နှင့်အညီ ရန်ပုံငွေ ခွဲဝေမှု လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ခြင်း။

စီမံကိန်းဌာန၏ တာဝန်ဝတ္တရားများ

 

စီမံကိန်းဌာန၏ တာဝန်ဝတ္တရားများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(၁) အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး လုပ်ငန်းအတွက် လိုအပ်သော စီမံကိန်းများကို ဦးဆောင်၍ ကြီးကြပ်ကွပ်ကဲရေးဆွဲခြင်း၊

(၂) အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ဆောင်ရွက်ရမည့် အထူးလုပ်ငန်း စီမံကိန်းများကို အထက်အကြီးအကဲများ၏ လမ်းညွှန်ချက်အတိုင်း အကောင် အထည်ဖော်နိုင်ရေး ကြီးကြပ်ကွပ်ကဲခြင်း

(၃) အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးနှင့် သဘာဝဝန်းကျင်ထိန်းသိမ်း ဆောင်ရွက်ရေး အတွက် လိုအပ်သည့်မြေပုံများ ပြုစုထုတ်ပြန်ခြင်းနှင့် စာရင်းဇယားကောက်ယူခြင်း လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခြင်း၊

(၄) ကွန်ပျူတာလုပ်ငန်းများ၊ မြေပုံနှင့်စာရင်းဇယား ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင် ရွက်ခြင်း၊

(၅) အပူပိုင်းဒေသမြေအသုံးချ မြေပုံများနှင့် စီမံအုပ်ချုပ်မှု မြေပုံများကို တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များအလိုက် ပြုစုထုတ်ပြန်ပေးခြင်း၊

(၆) ဌာနမှ တာဝန်ယူဆောင်ရွက်သည့် စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝဝန်းကျင်ထိန်း သိမ်းရေးလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက် ခြင်း၊

(၇) အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးနှင့် သက်ဆိုင်သည့် သုတေသနလုပ်ငန်းများကို မျက်ခြေမပြတ် ဆောင်ရွက်နိုင်ရေး တာဝန်ယူခြင်း၊

(၈) ဒေသခံပြည်သူများ၏ သဘာဝဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာများ တိုး ပွားလာရေးနှင့် ပူးပေါင်းပါဝင်မှုအရှိန် မြင့်မားလာရေးအတွက် တိုးချဲ့ပညာပေးရေး အစီအစဉ်များကို တာဝန်ယူ ရေးဆွဲခြင်း၊ အကောင်အထည် ဖော်မှုများကို ကြီးကြပ် ကွပ်ကဲခြင်း။

အင်ဂျင်နီယာဌာန၏ တာဝန်ဝတ္တရားများ

 

အင်ဂျင်နီယာဌာန၏ တာဝန်ဝတ္တရားများမှာအောက်ပါအတိုင်းဖြစ်ပါသည်-

(၁)   စိမ်းလန်းစိုပြည်ရေးနှင့် ဒေသထောက်ပံ့ရေးစိုက်ခင်းများ တည်ထောင်ရာတွင် ခေတ်မီစက်ယန္တရားများ သုံးစွဲနိုင်ရေးစီစဉ်ဆောင်ရွက်ခြင်းနှင့် လိုအပ်သည့် စက်မှု ဆိုင်ရာ နည်းပညာနှင့် အကြံဉာဏ်များကို အထက်အဖွဲ့အစည်းများသို့ တင်ပြခြင်း၊

(၂)   ရေရရှိရေးလုပ်ငန်းများဖြစ်သည့် နုန်းတားဆည်တည်ဆောက်ခြင်း၊ ကန်ငယ်၊ ဆည် ငယ်များ တည်ဆောက်ခြင်း၊ မြစ်ရေနှင့် မြေအောက်ရေ ရရှိရေးဆောင်ရွက်ခြင်း တို့ကို တာဝန်ယူ ကြီးကြပ်ခြင်း၊

(၃)   မြေဆီလွှာထိန်းသိမ်းခြင်းလုပ်ငန်းအတွက် စက်မှုဆိုင်ရာ ကျွမ်းကျင်မှုလုပ်ငန်းများ ကို တာဝန်ယူဆောင်ရွက်ခြင်း၊

(၄)   သစ်တောလမ်းများ၊ တံတားများ၊ အဆောက်အဦများ ဆောက်လုပ်ခြင်း လုပ်ငန်း များကို တာဝန်ယူဆောင်ရွက်ခြင်း၊

(၅)   စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများအတွက် လိုအပ်သည့် ယာဉ်ယန္တရားများ၊ စက် ကိရိယာများရရှိရေး တင်ပြဆောင်ရွက်ခြင်းနှင့် ဌာနပိုင်ယာဉ်ယန္တရား၊ စက်ကိရိယာ များ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို တာဝန်ယူခြင်း။

တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးများ၏ တာဝန်ဝတ္တရားများ

 

တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးများ၏ တာဝန်ဝတ္တရားများမှာ အောက်ပါအတိုင်းဖြစ် ပါသည်-

(၁)   တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးသည် တိုင်းအတွင်းဆောင်ရွက်ရမည့် စိမ်းလန်း စိုပြည်ရေးနှင့် သဘာဝဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်များသို့ ခွဲဝေတာဝန်ပေးအပ်ခြင်းနှင့် တာဝန်ယူကြီးကြပ်ခြင်း၊

(၂)   တိုင်းအတွင်းရှိဝန်ထမ်းရေးရာကိစ္စရပ်များကို စီမံအုပ်ချုပ်ဆောင်ရွက်ခြင်း၊ လုပ်ငန်း များ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြ လမ်းညွှန်မှု ခံယူခြင်း၊

(၃)   တိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူ တစ်ရပ်လုံး သဘာဝဝန်းကျင် ထိန်းသိမ်း ရေး အသိတရားများ တိုးပွားလာစေရေး၊ ပူပေါင်းပါဝင်မှုအရှိန် မြင့်မားလာစေရေး အတွက် အသိပညာပေးခြင်း လုပ်ငန်းများကို တာဝန်ယူကွပ်ကဲခြင်း၊

(၄)   တိုင်းဒေသကြီးအတွင်း ဆောင်ရွက်ရမည့် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းနှင့် စီမံကိန်း များ ကို အချိန်မီပြီးစီးစေရန် အကောင်အထည်ဖော် စီစဉ်ဆောင်ရွက်ခြင်း၊

(၅)   လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့်တိုးတက်မှုအခြေအနေများကို အမြဲသုံးသပ်ပြီး အကြံ ပြုချက်များဖြင့် ညွှန်ကြားရေးမှူးချုပ်ထံ တင်ပြခြင်း၊

(၆)   တိုင်းအတွင်း လိုအပ်သည့် ရ/သုံးမှန်းခြေငွေစာရင်းများ ရေးဆွဲတင်ပြခြင်းနှင့် ခွဲဝေ ရရှိသည့် ရန်ပုံငွေများကို ဘဏ္ဍာရေးစည်းမျဉ်းများ နှင့်အညီ ခွဲဝေချထား ညှိနှိုင်း သုံးစွဲခြင်း၊

(၇)   လက်အောက်ခံ ဝန်ထမ်းများ၏ သက်သာချောင်ချိရေး၊ စည်းကမ်းထိန်းသိမ်းရေးနှင့် တာဝန်ကျေပွန်ရေးတို့ကို ကြပ်မတ်ဆောင်ရွက်ခြင်း၊

(၈)   အထက်အကြီးအကဲများနှင့် အထက်အဖွဲ့အစည်းများမှ အခါအားလျော်စွာ ပေးအပ် သည့် တာဝန်များကို ထမ်းဆောင်ခြင်း။

ခရိုင် လက်ထောက်ညွှန်ကြားရေးမှူးရုံးများ၏ တာဝန်ဝတ္တရားများ

 

ခရိုင် လက်ထောက်ညွှန်ကြားရေးမှူးရုံးများ၏ တာဝန်ဝတ္တရားများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(၁)   ခရိုင် လက်ထောက်ညွှန်ကြားရေးမှူးရုံးသည် ခရိုင်အတွင်း ဆောင်ရွက်ရမည့် စိမ်း လန်းစိုပြည်ရေးနှင့် သဘာဝဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို သက်ဆိုင်ရာ မြို့နယ်များ သို့ ခွဲဝေတာဝန်ပေးအပ်ခြင်းနှင့် တာဝန်ယူကြီးကြပ်ခြင်း

(၂)   ခရိုင်အတွင်းရှိ ဝန်ထမ်းရေးရာကိစ္စရပ်များကို စီမံအုပ်ချုပ်ဆောင်ရွက်ခြင်း၊ လုပ်ငန်း များ အဆင်ပြေအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်အာဏာပိုင် အဖွဲ့ အစည်းများထံ တင်ပြလမ်းညွှန်မှုခံယူခြင်း၊

(၃)   ခရိုင်အတွင်းရှိ ဒေသခံပြည်သူ တစ်ရပ်လုံး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိတရားများ တိုးပွားလာစေရေး၊ ပူးပေါင်းပါဝင်မှု အရှိန် မြင့်မားလာစေရေး အတွက် အသိပညာပေးခြင်းလုပ်ငန်းများကို တာဝန်ယူ ကြီးကြပ်ခြင်း၊

(၄)   ခရိုင်အတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းနှင့် စီမံကိန်းများကို အချိန်မီပြီးစီးစေရန် အကောင်အထည်ဖော် စီစဉ်ဆောင်ရွက်ခြင်း၊

(၅)   လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် တိုးတက်မှု အခြေအနေများကို အမြဲသုံးသပ်ပြီး၊ အကြံပြုချက်နှင့်တကွ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးသို့ တင်ပြခြင်း၊

(၆)   ခရိုင်အတွက်လိုအပ်သည့် ရသုံးမှန်းခြေငွေစာရင်းများ ရေးဆွဲတင်ပြခြင်းနှင့်ခွဲဝေရရှိ သည့် ရံပုံငွေများကို ဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ ခွဲဝေချထားညှိနှိုင်းသုံးစွဲခြင်း၊

(၇)   လက်အောက်ခံဝန်ထမ်းများ၏ သက်သာချောင်ချိရေး၊ စည်းကမ်းထိန်းသိမ်းရေးနှင့် တာဝန်ကျေပွန်ရေးတို့ကို ကြပ်မတ်ဆောင်ရွက်ခြင်း၊

(၈)   စိမ်းလန်းစိုပြည်ရေးစိုက်ခင်းနှင့် သဘာဝတောများထိန်းသိမ်းကာကွယ်ရေးလုပ်ငန်း များကို ကြပ်မတ်စီစဉ်ခြင်း၊

(၉)   အထက်အကြီးအကဲများနှင့် အထက်အဖွဲ့အစည်းများမှ အခါအားလျော်စွာ ပေးအပ် သည့် တာဝန်များကို ထမ်းဆောင်ခြင်း။

မြို့နယ်ဦးစီးအရာရှိရုံး၏ တာဝန်ဝတ္တရားများ

 

မြို့နယ်ဦးစီးအရာရှိရုံး၏ တာဝန်ဝတ္တရားများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(၁)  မြို့နယ်ဦးစီးအရာရှိရုံးသည် မြို့နယ်အတွင်းဆောင်ရွက်ရမည့် စိမ်းလန်းစိုပြည်ရေး နှင့် သဘာဝဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို တာဝန်ယူ အကောင်အထည် ဖော်ခြင်း၊

(၂)   မြို့နယ်အတွင်း ဝန်ထမ်းရေးရာကိစ္စရပ်များကို စီမံအုပ်ချုပ်ဆောင်ရွက်ခြင်း၊ လုပ် ငန်းများ အဆင်ပြေအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အာဏာပိုင် အဖွဲ့အစည်းများထံ တင်ပြလမ်းညွှန်မှု ခံယူခြင်း၊

(၃)  မြို့နယ်အတွင်းရှိဒေသခံပြည်သူတစ်ရပ်လုံး သဘာဝဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိတရားများ တိုးတက်လာစေရေး၊ ပူးပေါင်းပါဝင်မှု အရှိန် မြင့်မားလာစေရေး အတွက် အသိပညာပေးခြင်း လုပ်ငန်းများကို တာဝန်ယူကြီးကြပ်ခြင်း၊

(၄)  မြို့နယ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းနှင့် စီမံကိန်းများကို အချိန်မီ ပြီးစီးစေရန် အကောင်အထည်ဖော် စီစဉ်ဆောင်ရွက်ခြင်း၊

(၅)  လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် တိုးတက်မှု အခြေအနေများကို အမြဲသုံးသပ်ပြီး အကြံပြုချက်နှင့်တကွ ခရိုင် လက်ထောက်ညွှန်ကြားရေးမှူးရုံးသို့ တင်ပြခြင်း၊

(၆)  မြို့နယ်အတွက် လိုအပ်သည့် ရသုံးမှန်းခြေ ငွေစာရင်းများ ရေးဆွဲတင်ပြခြင်းနှင့် ရရှိသည့် ရန်ပုံငွေများကို ဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ စနစ်တကျ သုံးစွဲခြင်း၊

(၇)  လက်အောက်ခံဝန်ထမ်းများ၏ သက်သာချောင်ချိရေး၊ စည်းကမ်းထိန်းသိမ်းရေးနှင့် တာဝန်ကျေပွန်ရေးတို့ကို ကြပ်မတ်ဆောင်ရွက်ခြင်း၊

(၈) စိမ်းလန်းစိုပြည်ရေးစိုက်ခင်းနှင့် သဘာဝတောများထိန်းသိမ်းကာကွယ်ရေးအတွက် တာဝန်ယူဆောင်ရွက်ခြင်း၊

(၉)  အထက်အကြီးအကဲများနှင့် အထက်အဖွဲ့အစည်းများမှ အခါအားလျော်စွာ ပေးအပ် သည့် တာဝန်များကို ထမ်းဆောင်ခြင်း​။

Dryzone