Greening Complex Zone စီမံကိန်း

  • Home
  • /
  • Greening Complex Zone စီမံကိန်း

Greening Complex Zone စီမံကိန်း

Greenig Complex Zone စီမံကိန်းအား မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်း မြို့နယ်၊ ရေနံချောင်းမြို့ရှောင်လမ်းဘေး ဝဲ/ယာ မိုင်တိုင်အမှတ် (၁/၇) မှ (၈/၀) အတွင်း ဆောင်ရွက် လျက်ရှိပါသည်။ စီမံကိန်းကာလမှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ (၅) နှစ်ကြာ အကောင်အထည်ဖော် ဆောင်ရွက်ရန် ဖြစ်ပါသည်။ စီမံကိန်းဧရိယာအနီးတွင် ယင်းမချောင်းကြိုးပြင် ကာကွယ်တော (၂၄၃၀)ဧကနှင့် နတ်ကန်ဦးကြိုးပြင်ကာကွယ်တော (၁၇၄၀) ဧကတို့ တည်ရှိပါသည်။ စီမံကိန်း တည်ရှိရာ ဧရိယာမှာ မြေအတန်းအစားညံ့ဖျင်း၍ သဘာဝပေါက်ပင် ကျဲပါးစွာပေါက်ရောက် လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ ၎င်းမြေကွက်လပ်နေရာများတွင် သစ်တောသစ်ပင်များ ပြန်လည်ရှင်သန် ဖြစ်ထွန်းလာပြီး လမ်းဘေးဝဲ/ယာ စိမ်းလန်းစိုပြည်လာကာ ဒေသခံပြည်သူများ လူမှုစီပွားတိုးတက်ရေး ကို အထောက်အကူပြုစေရန် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပါသည်။ စီမံကိန်းမှ ဆောင် ရွက်သွားမည့် လုပ်ငန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

စီမံကိန်းအမည် ဆောင်ရွက်သည့် လုပ်ငန်းများ ဆောင်ရွက်မည့် ပမာဏ(နှစ်စဉ်)
Greening Complex Zone
စီမံကိန်း (ရေနံချောင်းမြို့နယ်)
(က) သစ်ပင်စိုက်ပျိုးခြင်း လုပ်ငန်းများ
(က-၁) ဖြည့်စွက် အထူးစိမ်းပျိုးပင်ကြီးများ စိုက်ပျိုးခြင်း ၁၂၀၀၀ ပင်

(က-၂) ဖြည့်စွက်စိုက်ကွက် Bio Fencing ပြုလုပ်ခြင်း

(နာနတ်ရိုင်း၊ ရှားစောင်း(ဒေသအခေါ်))

၁၀၀၀ ပင်
(က-၃) သဘာဝတောထိန်း(ကွက်လပ်ဖြည့်)စိုက်ပျိုးခြင်း ၃၅၀၀ ပင်
(က-၄) Acacia Hybrid နှင့်ပင်လယ်ကဗွီး စိုက်ပျိုးခြင်း ၁၀၀၀ ပင်
(က-၅) Vetiver မြက် စိုက်ပျိုးခြင်း ၅၀၀၀ ပင်
(ခ) သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်း ၂၀၀၀ ဧက
(ခ-၁) ဓမ္မတာမျိုးဆက်ခြင်း ၂၀၀ ဧက
(ဂ) ထင်းအစားအခြားလောင်စာ အသိပညာပေးခြင်း ၁၂ ကြိမ်
(ဂ-၁) စွမ်းအားမြှင့်မီးဖိုဖြန့်ဖြူးခြင်း၊ ၄၈၂ လုံး
(ဂ-၂) လက်ကမ်းစာစောင်ဖြန့်ဝေခြင်းး ၄၈၂ စောင်
(ဃ) ရေနှင့် မြေဆီလွှာထိန်းသိမ်းရေးလုပ်ငန်းများ
(ဃ-၁) ကျောက်စီနုန်းထိန်းတမံ ၈ ခု
(ဃ-၂) သစ်ကိုင်းဖျားသုံးနုန်းထိန်းတမံ ၁၆ ခု
(ဃ-၃) ရေကန်ငယ် ၂ ကန်
(ဃ-၄) တစ်ဖက်ရပ်ဆည် ၁ ခု
(င) တည်ဆောက်ရေးလုပ်ငန်းများ(အထောက်အကူပြု)
Dryzone