အင်ဂျင်နီယာဌာန၏ တာဝန်ဝတ္တရားများ

  • Home
  • /
  • အင်ဂျင်နီယာဌာန၏ တာဝန်ဝတ္တရားများ

အင်ဂျင်နီယာဌာန၏ တာဝန်ဝတ္တရားများ

အင်ဂျင်နီယာဌာန၏ တာဝန်ဝတ္တရားများမှာအောက်ပါအတိုင်းဖြစ်ပါသည်-

(၁)   စိမ်းလန်းစိုပြည်ရေးနှင့် ဒေသထောက်ပံ့ရေးစိုက်ခင်းများ တည်ထောင်ရာတွင် ခေတ်မီစက်ယန္တရားများ သုံးစွဲနိုင်ရေးစီစဉ်ဆောင်ရွက်ခြင်းနှင့် လိုအပ်သည့် စက်မှု ဆိုင်ရာ နည်းပညာနှင့် အကြံဉာဏ်များကို အထက်အဖွဲ့အစည်းများသို့ တင်ပြခြင်း၊

(၂)   ရေရရှိရေးလုပ်ငန်းများဖြစ်သည့် နုန်းတားဆည်တည်ဆောက်ခြင်း၊ ကန်ငယ်၊ ဆည် ငယ်များ တည်ဆောက်ခြင်း၊ မြစ်ရေနှင့် မြေအောက်ရေ ရရှိရေးဆောင်ရွက်ခြင်း တို့ကို တာဝန်ယူ ကြီးကြပ်ခြင်း၊

(၃)   မြေဆီလွှာထိန်းသိမ်းခြင်းလုပ်ငန်းအတွက် စက်မှုဆိုင်ရာ ကျွမ်းကျင်မှုလုပ်ငန်းများ ကို တာဝန်ယူဆောင်ရွက်ခြင်း၊

(၄)   သစ်တောလမ်းများ၊ တံတားများ၊ အဆောက်အဦများ ဆောက်လုပ်ခြင်း လုပ်ငန်း များကို တာဝန်ယူဆောင်ရွက်ခြင်း၊

(၅)   စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများအတွက် လိုအပ်သည့် ယာဉ်ယန္တရားများ၊ စက် ကိရိယာများရရှိရေး တင်ပြဆောင်ရွက်ခြင်းနှင့် ဌာနပိုင်ယာဉ်ယန္တရား၊ စက်ကိရိယာ များ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို တာဝန်ယူခြင်း။

Dryzone