E-Governmentလုပ်ငန်းများ ဆောင်ရွက်ခြင်း

  • Home
  • /
  • E-Governmentလုပ်ငန်းများ ဆောင်ရွက်ခြင်း

E-Government လုပ်ငန်းများဆောင်ရွက်ခြင်း

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်​ရေး ဦးစီးဌာနအ​နေဖြင့် သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်း​ရေးဝန်ကြီးဌာန၊ ပြည်​ထောင်စုဝန်ကြီးရုံး၏ လမ်းညွှန်မှုများ၊ Myanmar e-Government Master Plan (2016-2020) တို့နှင့်အညီ e-Government ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။ e-Government လုပ်ငန်း၏ အဓိကရည်မှန်းချက်ဖြစ်သော သတင်း အချက်အလက်များအား Online စနစ်ဖြင့် ကွန်ယက်များချိတ်ဆက်၍ ပြည်ထောင်စုဝန်ကြီးရုံး၊ ဆက်စပ် ဌာနများ၊ ဌာနတွင်းတွင် ညွှန်ကြားရေးမှူးချုပ်ရုံးနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ရုံးများအကြား ရုံးစာ၊ အစီရင်ခံစာ၊ ကိန်းဂဏန်းအချက်အလက်နှင့် ဓါတ်ပုံမှတ်တမ်းများအား အပြန်အလှန် ပေးပို့/လက်ခံအ သုံးပြုခြင်း၊ Project လုပ်ငန်းများအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် Online မှတစ်ဆင့် ဆက် သွယ်ဆောင်ရွက်နိုင်ခြင်းကြောင့် ICT နည်းပညာဆိုင်ရာဖြင့် ဌာန၏ လုပ်ငန်းရပ်များအား ထိရောက်စွာ ပံ့ပိုးဆောင်ရွက်နိုင်ခဲ့ပါသည်။ e-Government လုပ်ငန်းများ ဆောင်ရွက်နေသည့် ဌာနဝန်ထမ်းများအား ဆက်စပ်ဌာနများမှ ဖွင့်လှစ်သည့် e-Government နှင့် ICT နည်းပညာဆိုင်ရာ၊ Website နှင့် Cyber လုံခြုံရေးဆိုင်ရာ အထောက်အကူပြုသင်တန်းများသို့တက်ရောက်စေခြင်း၊ ညွှန်ကြားရေးမှူးချုပ်ရုံး၌ ဖွင့်လှစ်ပို့ချသည့် အရာထမ်း/အမှုထမ်း စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများတွင် ဌာနမှ ဆောင်ရွက် လျက်ရှိသည့် e-Government လုပ်ငန်းများနှင့် ရုံးလုပ်ငန်းများတွင် ထိရောက်စွာ အသုံးပြုနိုင်ရေး သင် တန်း ပို့ချခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။

ဌာန၏ လုပ်ငန်းဆောင်ရွက်မှု အစီအစဉ်များ၊ အခမ်းအနားများ၊ တင်ဒါကြော်ငြာများ၊ စ.ထ.ထ.ရ လုပ်ငန်းနှင့်အထူးစိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ၏ လစဉ်လုပ်ငန်းတိုးတက်မှုများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်သည့် Project လုပ်ငန်းများ စသည်တို့ကို ဌာန၏ Website ဖြစ်သည့် (www.dryzonegreening.gov.mm) တွင် Update ပြုလုပ်၍ ထည့်သွင်း ဆောင်ရွက် လျက်ရှိပါသည်။ ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှုစနစ် Government Personnel Management System (GPMS) တွင် ဌာန သန္ဓေဝန်ထမ်း၊ အရာထမ်း/အမှုထမ်းများ၏ အခြေခံအချက်အလက်နှင့် အသေးစိတ် အချက်အလက်များအား ညွှန်ကြားချက်၊ သတ်မှတ်ချက်များနှင့်အညီ ဖြည့်သွင်း ဆောင်ရွက်လျက်ရှိပြီး၊ ဝန်ထမ်းအင်အား ပြောင်းလဲမှုစာရင်းအရ ကာလအပိုင်းအခြားအလိုက် Update ပြုလုပ်ဆောင်ရွက်သွား မည် ဖြစ်ပါသည်။

Dryzone