04
Apr

“The Project of CCC Program of Activities (PoA) for Distribution of Improved Cook Stoves (ICS) in developing South and Southeast Asian countries (Myanmar)” စီမံကိန်းအတွက် RoD လက်မှတ်ရေးထိုးခြင်း

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံအခြေစိုက်  Climate Change Center(CCC) တို့ ပူပေါင်းအကောင်အထည်ဖော် ဆောင်ရွက်မည့် “The Project of CCC Program of Activities (PoA) For Distribution of Improved Cook Stoves (ICS) In developing South and Southeast Asian countries (Myanmar)” စီမံကိန်းအတွက် ROD  လက်မှတ်ရေးထိုးခြင်း အခမ်းအနားအား (၄-၄-၂၀၁၈)ရက်နေ့ နံနက်ပိုင်းတွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ဦးစီးရုံးချုပ်တွင် ကျင်းပပြုလုပ်ခဲ့ပြီး  RoD လက်မှတ်ရေးထိုးခြင်းအား အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် CCC Korea ဖက်မှ MS. Sohee Kim (DG) တို့မှ နှစ်ဦးနှစ်ဖက် လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့ပါသည်။