02
Apr

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန နှစ်(၂၀)ကာလ(၁၉၉၇-၂၀၁၇) လုပ်ငန်းဆောင်ရွက်မှုများအပေါ် ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာန၏ ဌာနတည်ထောင်ခြင်း “နှစ်(၂၀)ကာလ(၁၉၉၇-၂၀၁၇) လုပ်ငန်း ဆောင်ရွက်မှုများအပေါ် ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲ (Seminar on Review of 20-years (1997-2017) Dry Zone Greening Department Activities)ကို ၂၀၁၈ ခုနှစ်၊ ဧပြီလ(၂)ရက်နေ့တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ဦးစီးရုံးချုပ်၊ စန္ဒကူးခန်းမ၊ မန္တလေးမြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

            နှစ်(၂၀)ကာလ လုပ်ငန်းဆောင်ရွက်မှုများအပေါ် ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲ၊ အခမ်းအနားကို (၂-၄-၂၀၁၈) ရက်နေ့၊ နံနက်(၀၉း၀၀)နာရီ တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဌေးအောင် မှ အဖွင့်အမှာ စကားပြောကြားခဲ့ကြပြီး ဆွေးနွေးပွဲသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနလက်အောက်ရှိ လုပ်ငန်းဌာန အသီးသီးမှ ကိုယ်စားလှယ်များ၊ ဆက်စပ်ဝန်ကြီးဌာန များမှကိုယ်စားလှယ်များ အငြိမ်းစားသစ်တောပညာရှင်များ၊ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်း ဒေသရှိ လောင်စာတောင့်/ စွမ်းအားမြှင့်မီးဖိုလုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများ၊ ဒေသခံ NGOs/CSOs များနှင့် သတင်းမီဒီယာမှ ကိုယ်စားလှယ်များ စုစုပေါင်း(၁၁၅)ဦးခန့် တက်ရောက် ပါဝင် ဆွေးနွေးကြောင်း သိရှိရပါသည်။

            (၁)ရက်တာကျင်းပသည့် ဆွေးနွေးပွဲတွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၏ နှစ် (၂၀)ကာလ(၁၉၉၇-၂၀၁၇)အထိ ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများအပေါ်ခြုံငုံသုံးသပ်ခြင်း၊ သစ်တော စိုက်ခင်းတည်ထောင်ခြင်းလုပ်ငန်းများ၊ သဘာဝတောကျန်များထိန်းသိမ်းကာကွယ်ခြင်း လုပ်ငန်း များ၊ ထင်းအစားအခြား လောင်စာတိုးမြှင့် အသုံးချရေးလုပ်ငန်းများ၊ ရေရရှိရေးအကောင်အထည် ဖော်ဆောင်ရွက်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့မှုနှင့် အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင်ကြုံတွေ့ ရသည့်အားသာချက်/ အားနည်းချက်/ အကြံပြုချက်များကို သုံးသပ်တင်ပြခြင်းနှင့် စပ်လျဉ်းသည့် စာတမ်း(၅) စောင်၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနအား ရေဝေရေလဲဒေသနှင့်မြေယာ ထိန်းသိမ်းရေးဦးစီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းရေး ဆောင်ရွက်ထားရှိမှုအခြေအနေ သုံးသပ် တင်ပြခြင်း စာတမ်း(၁)စောင်၊ နိုင်ငံတကာအဖွဲ့အစည်း(INGO)ဖြစ်သည့် GERES အဖွဲ့မှ ထင်းလောင်စာ ချွေတာရေး၊ မီးဖိုများ စံချိန်စံညွှန်းနှင့် ကိုက်ညီစေရေး အကြံပြု သုံးသပ်ချက် စာတမ်း (၁)စောင်၊ စုစုပေါင်းစာတမ်း (၇)စောင်ကို အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာနရှိ တိုင်းဒေသကြီး တာဝန်ခံများ၊ ဦးစီးရုံးချုပ်ရှိ ဌာနတာဝန်ခံများ စသည့် ပြည်တွင်းနှင့်ပြည်ပမှ ကျွမ်းကျင်ပညာရှင်များက ဖတ်ကြားတင်ပြခြင်း စာတမ်းအပေါ် မေးမြန်းဆွေးနွေးခြင်း၊ ရှေ့ဆက် ဆောင်ရွက်မည့် နည်းစနစ်နှင့်နည်းလမ်းများဆိုင်ရာ ဆွေးနွေးသုံးသပ် အကြံပြုခြင်းများ ပြုလုပ် ဆောင်ရွက်ကြ မည်ဖြစ်ကြောင်းသိရှိရပါသည်။