အကြောင်းအရာ။ ၂၀၁၉–၂၀၂၀ ဘဏ္ဍာနှစ်၊ တည်ဆောက်ခြင်းလုပ်ငန်းများဆိုင်ရာ အိတ်ဖွင့် တင်ဒါ တင်သွင်းထားသည့် ကုမ္ပဏီများ၏ Technical Proposal ဖွင့်ဖောက် စစ်ဆေးဆောင်ရွက်မှု တင်ပြခြင်း
တင်ပြချက်
၁။ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ တည်ဆောက် ခြင်းလုပ်ငန်းများဆိုင်ရာ အိတ်ဖွင့်တင်ဒါ တင်သွင်းထားသည့် ကုမ္ပဏီများ၏ Technical Proposal များ ဖွင့်ဖောက်စစ်ဆေးအမှတ်ပေးခြင်းကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၂၂)ရက်နေ့ (၀၉:၀၀) နာရီ အချိန်တွင် တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ ၊ ကြမ်းခင်းဈေးတွက်ချက်ရေးကော်မတီ၊ အရည်အသွေးစစ်ဆေးရေးနှင့် လက်ခံရေးကော်မတီ အဖွဲ့ဝင်များနှင့်အတူ ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်ခွင့်ပြုနိုင်ပါရန် တင်ပြခြင်းဖြစ်ပါသည်။