22
May

“အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးများ၊ ခရိုင် လက်ထောက် ညွှန်ကြားရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခြင်း”

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးများ၊ ခရိုင် လက်ထောက် ညွှန်ကြားရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအ​ဝေးကို ၂၂-၅-၂၀၁၉ ရက်နေ့၊ နံနက်(၀၉:၀၀)နာရီ အချိန်တွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး စန္ဒကူးခန်းမ၌ ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ခရိုင်တာဝန်ခံ လက်ထောက် ညွှန်ကြားရေးမှူးများနှင့် တိုင်းဒေသကြီးတာဝန်ခံ ညွှန်ကြား​ရေးမှူးများက လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေကိုရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ ဦးစီးရုံးချုပ် ညွှန်ကြားရေးမှူးများက ကဏ္ဍအလိုက် သုံးသပ် ရှင်းလင်း ဆွေးနွေးခြင်း၊ ညွှန်ကြား​ရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြား​ရေးမှူးချုပ်တို့မှ ရှင်းလင်း တင်ပြချက်များအပေါ် သုံးသပ်​ဆွေး​နွေးခြင်း၊ လမ်းညွှန်မှာကြားခြင်း၊ အထွေ​ထွေဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြား၍ အစည်းအဝေးကို ညနေ (၂၀:၀၀)နာရီ အချိန်တွင် ပြီးမြောက်ခဲ့ပါသည်။