13
May

“အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများအား World Bank Mission မှ Mr. Martin Foder ဦးဆောင်သည့်အဖွဲ့မှ လာရောက်တွေ့ဆုံ ဆွေးနွေးခြင်း”

သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း​ရေး ဝန်ကြီးဌာန၊ အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ (၁၃-၅-၂၀၁၉) ရက်နေ့၊ နံနက် (၉:၃၀) နာရီ အချိန်တွင် World Bank Mission မှ Senior Environmental Specialist ဖြစ်သူ Mr. Martin Foder ဦးဆောင်သည့် အဖွဲ့မှ လာရောက်​ တွေ့ဆုံရာ ညွှန်ကြားရေးမှူးချုပ် ဦး​ဆောင်သည့် တာဝန်ရှိသူများမှ လက်ခံ​​တွေ့ဆုံ ဆွေး​နွေးခဲ့ပါသည်။

​ဆွေးနွေးပွဲတွင်  အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်မှ အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး၊ အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေး ဦးစီးဌာန၏ အဓိက ရည်ရွယ်ချ​က်နှင့် လုပ်ငန်းတာဝန်များ၊ လက်ရှိ အကောင်အထည်ဖော်​ ဆောင်ရွက်​နေသည့် စိမ်းလန်း စိုပြည်ရေးနှင့် ​ဒေသဖွံ့ဖြိုးရေး၊ ရေရရှိရေး လုပ်ငန်းများ၊ စွမ်းအားမြှင့် မီးဖို ဖြန့်​ဝေခြင်း လုပ်ငန်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူး​ပေါင်း​ ဆောင်ရွက်လျက်ရှိသည့် စီမံကိန်း လုပ်ငန်းများအား အပြန်အလှန် ဆွေးနွေး မေးမြန်းခဲ့ပြီး၊ World Bank Mission အ​နေဖြင့် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အစီအစဉ်များအား ပြန်လည်ရှင်းလင်း တင်ပြခဲ့ကြပါသည်။