05
Feb

“မြန်မာနိုင်ငံအပူပိုင်းဒေသတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ရေအရင်းအမြစ်နှင့် စားနပ်ရိက္ခာဖူလုံရေးအပေါ် ထိခိုက်နိုင်မှုများကို ဖြေရှင်းနိုင်ရေးလုပ်ငန်းစီမံကိန်း” ၏ ဆဋ္ဌမအကြိမ် စီမံကိန်းကြီးကြပ်မှုကော်မတီ အထူးအစည်းအဝေး ကျင်းပပြုလုပ်ခြင်း"

မြန်မာနိုင်ငံအလယ်ပိုင်းအပူပိုင်းဒေသတွင် Adaptation Fund ၏ ရန်ပုံငွေဖြင့် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် UNDP တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် “မြန်မာနိုင်ငံအပူပိုင်းဒေသတွင် ရာသီဥတုပြောင်းလဲ မှုကြောင့် ရေအရင်းအမြစ်နှင့် စားနပ်ရိက္ခာဖူလုံရေးအပေါ် ထိခိုက်နိုင်မှုများကို ဖြေရှင်းနိုင်ရေးလုပ်ငန်း စီမံကိန်း” (Addressing Climate Change Risks on Water Resources and Food Security in the Dry Zone of Myanmar) ၏ ဆဋ္ဌမအကြိမ် စီမံကိန်းကြီးကြပ်မှုကော်မတီ အထူးအစည်းအဝေး (6th Special Project Steering Committee Meeting) ကို ၂၀၁၈ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၅)ရက်နေ့တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စန္ဒကူးခန်းမ၌ ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် စီမံကိန်းကြီးကြပ်မှုကော်မတီ၏ ပူးတွဲဥက္ကဌများဖြစ်ကြသော အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင် နှင့် UNDP မှ Country Director, Mr. Peter Batchelor တို့မှ အဖွင့်အမှာစကားပြောကြားပြီးနောက် တက်ရောက်လာကြသော သက်ဆိုင်ရာဌာနများမှ ကော်မတီအဖွဲ့ဝင်များက ၂၀၁၈ ခုနှစ် စီမံကိန်းလုပ်ငန်းများအတွက် Annual Work Plan၊ Budget Plan၊ စီမံကိန်း​လုပ်ငန်းများ အကောင်အထည်​​ဖော်ဆောင်ရွက်မည့်အစီအစဉ်နှင့် Monitoring and Evaluation ကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေးခြင်း၊ ဆုံးဖြတ်ချက်များ၊ အတည်ပြုချမှတ်ခြင်းများ ဆောင်ရွက်ခဲ့ကြ ပါသည်။

ဖော်ပြပါ(၄)နှစ် စီမံကိန်းကို ရာသီဥတုပြောင်းလဲမှုကြောင့် ခံစားနေရသောအခက်အခဲများအား ကူညီဖြေရှင်း နိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံအလယ်ပိုင်းအပူပိုင်းဒေသရှိ စစ်ကိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီးတို့မှ မြို့နယ် (၅)မြို့နယ် (မုံရွာ၊ ရွှေဘို၊ ချောက်၊ မြင်းခြံနှင့် ညောင်ဦးမြို့နယ်)ရှိ ကျေးရွာပေါင်း(၂၈၀)တွင် ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ဆောင်ရွက်လျက်ရှိပြီး  စီမံကိန်း၏ အဓိက လုပ်ငန်းကြီးများအနေဖြင့် ရာသီဥတုကြောင့် ရေချိုထောက်ပံ့နိုင်မှု လျော့နည်းလာခြင်းကို တုံ့ပြန်ဆောင်ရွက်ခြင်း၊ အများပိုင်မြေများနှင့် ယာမြေများတွင် သစ်တောသစ်ပင်များစိုက်ပျိုးခြင်း၊ ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသော သီးနှံများ၊ တိရစ္ဆာန်မွေးမြူးရေးစနစ်များ စတင်တည်ထောင်ပေးခြင်းနှင့် ရာသီဥတုအန္တရာယ်ဆိုင်ရာ သတင်းအချက်အလက်ဖြန့်ဝေမှု ပိုမိုကောင်းလာစေရန်ဆောင်ရွက်ခြင်း  စသည့်လုပ်ငန်းများကို အကောင် အထည်ဖေါ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။