သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန
၁ /၂၀၂၂-၂၀၂၃ အိတ်ဖွင့်တင်ဒါ (Open Tender) ခေါ်ယူခြင်း
၁။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ၏ အစီအစဉ်ဖြင့် စ.ထ.ထ.ရလုပ်ငန်းများနှင့် အထူးစိမ်းလန်းစိုပြည်ရေးစီမံကိန်းလုပ်ငန်းများတွင် အသုံးပြုရန်အတွက် စက်သုံးဆီ (ဒီဇယ်)များ ဝယ်ယူလိုပါသဖြင့် စိတ်ဝင်စားသူ လုပ်ငန်းရှင်များ အား အိတ်ဖွင့်တင်ဒါခေါ်ယူအပ်ပါသည်-
စဉ် | ပစ္စည်းအမျိုးအမည် | အရေအတွက် |
(က) | ဒီဇယ်ဆီ
(HSD 500 ppm) |
၅၀၀၀ – ဂါလန်
( ၂၂၇၃၀ )လီတာ |
၂။ အိတ်ဖွင့်တင်ဒါ လျှောက်လွှာပုံစံများကို (၁၆-၅-၂၀၂၂)ရက်နေ့၊ ရုံးချိန်အတွင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၈)၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ နေပြည်တော်တွင်လည်းကောင်း၊ ပုသိမ်ကြီးမြို့၊ အပူပိုင်းဒေသစိမ်း လန်းစိုပြည်ရေးဦးစီးဌာန၊ စီမံခန့်ခွဲရေးဌာနတွင် လည်းကောင်း စတင်ရောင်းချသွားမည်ဖြစ်ပြီး၊ (၂၇-၅-၂၀၂၂)ရက်နေ့ (၁၆:၃၀)နာရီအချိန်၌ နောက်ဆုံးထား၍ လာရောက်ပေးသွင်းရမည်ဖြစ် ပါသည်။ သတ်မှတ်ကာလထက် ကျော်လွန်သော အဆိုပြုလွှာများကို ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။
၃။ အိတ်ဖွင့်တင်ဒါနှင့်ပတ်သက်၍ အချက်အလက်များကို အသေးစိတ်သိရှိလိုပါက အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန website www.dryzonegreening.gov.mm တွင် ဝင်ရောက်ကြည့်ရှု၍လည်းကောင်း၊ ဖုန်း ၀၆၇ ၃၄၀၅၃၈၇ ၊ ၀၂ ၄၀၅၇၀၃၈ ၊ ၀၂ ၄၀၅၈၀၄၆ သို့ ရုံးချိန် အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ
အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန