နိုင်ငံတော်အကြီးအကဲနှင့် ပြည်ထောင်စုဝန်ကြီး၊ ဌာနအကြီးအမှူးတို့၏ လမ်းညွှန် ချက် အရ စိုက်ပျိုးခြင်းလုပ်ငန်းများ

  • Home
  • /
  • နိုင်ငံတော်အကြီးအကဲနှင့် ပြည်ထောင်စုဝန်ကြီး၊ ဌာနအကြီးအမှူးတို့၏ လမ်းညွှန် ချက် အရ စိုက်ပျိုးခြင်းလုပ်ငန်းများ

Climate Change Center (CCC) စီမံကိန်း

ကိုရီးယားသမ္မတနိုင်ငံ Climate Change Center (CCC) ၏ အစီအစဉ်ဖြင့် တောင်အာရှ နှင့် အရှေ့တောင်အာရှ ဖွံ့ဖြိုးဆဲနိုင်ငံများ/မြန်မာနိုင်ငံတွင် စွမ်းအားမြှင့်မီးဖိုများဖြန့်ဝေရေး စီမံကိန်းအား ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ တိုင်းဒေသကြီး(၃)ခုရှိ စီမံကိန်း လုပ်ငန်းခွဲ ခရိုင် (၆) ခုတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး၊ ခရိုင်တစ်ခုအတွက် အမေရိကန် ဒေါ်လာ (၁.၂) သန်း အသုံးပြုသွားမည်ဖြစ်ပါသည်။ အဆိုပါ စီမံကိန်းအတွက် အဓိကရန်ပုံငွေ ထောက်ပံ့သည့် အဖွဲ့အစည်းမှာ ကိုရီးယားသမ္မတနိုင်ငံ Climate Change Center (CCC) ဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ မတ်လ (၃၀) ရက်နေ့တွင် ROD လက်မှတ် ရေးထိုးနိုင်ခဲ့ပါသည်။ စီမံကိန်းကာလ (၆) နှစ်အတွင်း  တိုင်းဒေသကြီး (၃) ခုအတွင်း မြို့နယ် (၂၇) မြို့နယ်ရှိ စီမံကိန်းဝင် အိမ်ထောင်စုများသို့ မီးဖိုစုစုပေါင်း (၅၄၀,၀၀၀) လုံးအား ဖြန့်ဝေပေးသွားမည်ဖြစ်ပါသည်။

စီမံကိန်း ပထမနှစ်အတွက် ကျေးရွာ (၅၅၉) ရွာရှိ အိမ်ထောင်စု(၁၀၉,၃၄၂) စုသို့ စွမ်းအား မြှင့်မီးဖို စုစုပေါင်း(၁၀၉,၃၄၂) လုံးအား ဖြန့်ဝေဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။ စီမံကိန်း ဒုတိယနှစ်အတွက် ကျေးရွာ(၅၅၀) ရွာရှိ အိမ်ထောင်စု(၁၀၉,၆၁၃) စုသို့ စွမ်းအားမြှင့်မီးဖို စုစုပေါင်း (၁၀၉,၆၁၃) လုံးအား  ဆက်လက်ဖြန့်ဝေ ဆောင်ရွက်နိုင်ခဲ့ပါသည်။ စီမံကိန်း ပထမနှစ်နှင့် ဒုတိယနှစ် ကာလအတွင်း ကျေးရွာ အိမ်ထောင်စု (၂၁၈,၉၅၅) စုသို့ စွမ်းအားမြှင့်မီးဖို စုစုပေါင်း (၂၁၈,၉၅၅) လုံးအား ဖြန့်ဝေဆောင်ရွက်ခဲ့ပြီး ဖြန့်ဝေပြီးကျေးရွာများကို (၂) နှစ် တစ်ကြိမ် မီးဖိုများ လဲလှယ်ဖြန့်ဝေပေးသွားမည်ဖြစ်ပါသည်။ စီမံကိန်း အတွက် လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်နေသော စီမံကိန်းလုပ်ငန်းခွဲ CPA ခရိုင်(၆) ခုအပြင် ရွှေဘိုခရိုင်အား စီမံကိန်းလုပ်ငန်းခွဲ ခရိုင်အသစ်အနေဖြင့် တိုးချဲ့ဆောင်ရွက်လျက်ရှိပါသည်။

Dryzone