31
Aug

“အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် အထူးစီမံကိန်း လုပ်ငန်းများနှင့် စ.ထ.ထ.ရ လုပ်ငန်း လျာထားချက်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခြင်း

၂၀၁၉ ခုနှစ်၊ ​အောက်တိုဘာလ (၃၁) ရက်

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် အထူးစီမံကိန်း လုပ်ငန်းများနှင့် ဌာန၏ စ.ထ.ထ.ရလုပ်ငန်း လျာထားချက်များ လုပ်ငန်းညှိနှိုင်း အစည်းအ​ဝေးကို ၃၁-၁၁-၂၀၁၉ရက်နေ့၊ နံနက်(၁၀:၃၀) နာရီ အချိန်တွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင်၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်၌ ဆောင်ရွက်မည့် အထူးစီမံကိန်း လုပ်ငန်းများအား သက်ဆိုင်ရာ စီမံကိန်းတာဝန်ခံများမှ လည်း​ကောင်း၊ စ.ထ.ထ.ရလုပ်ငန်း လျာထားချက်များအား တိုင်းဒေသကြီး တာဝန်ခံညွှန်ကြားရေးမှူးများကလည်းကောင်း  ရှင်းလင်း တင်ပြကြပြီး ဦးစီးရုံးချုပ် ညွှန်ကြား​ရေးမှူးများက ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးခြင်း၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြား​ရေးမှူးချုပ် တို့မှ သုံးသပ်​ဆွေး​နွေးခြင်း၊ လမ်းညွှန်မှာကြားခြင်းနှင့်် အထွေ​ထွေ ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြား၍ အစည်းအဝေးကို ညနေ (၁၇:၀၀) နာရီအချိန်တွင် ပြီးမြောက်ခဲ့ပါသည်။