18
Jul

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူးများ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးများ၊ မြို့နယ်ဦးစီးအရာရှိများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူးများ၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးများ၊ မြို့နယ်ဦးစီးအရာရှိများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ပုသိမ်ကြီးမြို့၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စန္ဒကူးခန်းမ၌ ၂၀၁၇ ခုနှစ် ဇူလိုင်လ (၁၇)ရက်နေ့ မှ ဇူလိုင်လ(၁၈)ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား  အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကား ပြောကြား၍ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ(၁၇)ရက်နေ့ နံနက် (၉:၀၀)နာရီတွင် ဖွင့်လှစ်ပေးခဲ့ပြီး အစည်းအဝေးသို့ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ကျွမ်းကျင်သူ၊ ဦးစီးရုံးချုပ် ဌာနတာဝန်ခံ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊ လက်ထောက် ညွှန်ကြားရေးမှူးနှင့် အရာထမ်းများ၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးများ၊ ခရိုင် လက်ထောက်ညွှန်ကြားရေးမှူးများနှင့်  မြို့နယ် ဦးစီးအရာရှိများ စုစုပေါင်း (၈၅)ဦး တက်ရောက်ခဲ့ပါသည်။

နှစ်ရက်ကြာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီ ဌာန၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် စ.ထ.ထ.ရ လုပ်ငန်းများအား အချိန်နှင့်တပြေးညီ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အကြိုလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက် ထားရှိရေးနိုင်ရေးတို့နှင့်  စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး၊ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ၂၀၁၇ ခုနှစ် ဇူလိုင်လ (၁၈)ရက်နေ့ ညနေ (၂၀:၃၀)နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။