ရေရရှိရေးအကောင်အထည်ဖော် ဆောင်ရွက်ခြင်း (ရ)

  • Home
  • /
  • ရေရရှိရေးအကောင်အထည်ဖော် ဆောင်ရွက်ခြင်း (ရ)

ရေရရှိရေး အကောင်အထည်ဖော်ဆောင်ရွက်ခြင်း

အပူပိုင်းဒေသတွင် ရေထိန်းထားနိုင်သည့် သစ်ပင်၊ သစ်တောရှားပါးမှုကြောင့် ရွာသွန်း သည့် မိုးရေအများစုမှာ မြေအောက်သို့ စိမ့်ဝင်နိုင်ခြင်းမရှိဘဲ အတားအဆီးမရှိ စီးဆင်းပျောက်ကွယ်သွား သည့်အတွက် ရေရှားပါးသည့် အခြေအနေကို ကြုံတွေ့ရပါသည်။ သို့ဖြစ်ပါ၍ ရေအရင်းအမြစ်များ ဖော် ထုတ်ရေးကို စီမံကိန်းလုပ်ငန်းတစ်ရပ်အနေဖြင့် ဆောင်ရွက်သွားရန်အတွက် အောက်ပါလုပ်ငန်းရပ်များ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်

(က) ရေကန်ငယ်တူးဖော်ခြင်း

() ကျောက်စီနုန်းထိန်းတမံငယ် ပြုလုပ်ခြင်း

() မြေအောက်ရေ(အဝီစိတွင်း)တူးဖော်ခြင်း

() ဂါလန်(၅၀၀၀) ဆံ့ မိုးရေစုကန်တည်ဆောက်ခြင်း

() တစ်ဖက်ရပ်ဆည်တည်ဆောက်ခြင်း

() တိမ်ကောရေကန်ပြန်လည်တူးဖော်ခြင်း

() စိုက်ခင်းအတွင်း ရေကန်ငယ်တူးဖော်ခြင်း

() ဂါလန်(၁၀၀) ဆံ့ မိုးရေခံကွန်ကရစ်ကန်ပြုလုပ်ခြင်း

(ဈ)ဂါလန်(၂၀၀) ဆံ့ မိုးရေခံကွန်ကရစ်ကန်ပြုလုပ်ခြင်း

(၁) ရေကန်ငယ်များ တူးဖော်ခြင်း

အပူပိုင်းဒေသအတွင်း ရေရှားပါးမှုအခြေအနေပေါ်မူတည်၍ လူနှင့်တိရစ္ဆာန်များ သောက်သုံးရန်နှင့် စိမ်းလန်းစိုပြည်ရေးကို အထောက်အကူပြုစေရန်အတွက် လိုအပ်သည့် နေရာဒေသများတွင် ရေကန် ငယ်များကို တူးဖော်ပေးလျက်ရှိပါသည်။တူးဖော်ခဲ့သည့် ရေကန်အရွယ်အစားမှာ ၁၉၉၇-၁၉၉၈ ဘဏ္ဍာနှစ်မှ ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်အထိ (၁၀၀’×၁၀၀’×၄’)၊ ၂၀၁၀-၂၀၁၁ ဘဏ္ဍနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ (၆၅’×၅၀’×၄’)ဖြစ်ပြီး၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှစ၍ ဒေသအတွက် ပိုမို အထောက်အကူပြုစေရန်   (၁၀၀’×၅၀’×၆’)  အရွယ်အစားသို့  ပြောင်းလဲတူးဖော်ခဲ့ပါသည်။ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၏ တိုင်းဒေသကြီး (၃)ခုအတွင်း ၁၉၉၇-၁၉၉၈ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှအထိ ရေကန်ငယ်စုစုပေါင်း(၁၈၉၂)ကန်အား တူးဖော်ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါသည်။

(၂) ကျောက်စီနုန်းထိန်းတမံငယ်များ တည်ဆောက်ခြင်း

အရေးကြီးသော ဆည်များ၏ ရေဝေရေလဲဒေသများတွင် ရေတိုက်စားမှုကြောင့် နုန်းပို့ချမှုကို လျော့နည်းစေရန်နှင့် ရေ၊ လေတိုက်စားမှုကြောင့် မြေဆီလွှာတိုက်စားမှု၊ မြေပြိုမှုမဖြစ်စေရန် အတွက် ကျောက်စီနုန်းထိန်းတမံငယ်များကို တည်ဆောက်ပေးလျက်ရှိပါသည်။ အပူပိုင်းဒေသစိမ်း လန်းစိုပြည်ရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်သည့်ဧရိယာ တိုင်းဒေသကြီး (၃)ခုအတွင်း ၁၉၉၇-၁၉၉၈ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ ကျောက်စီနုန်းထိန်းတမံငယ် (၃၅၆၀)အား တည်ဆောက်ပေးနိုင်ခဲ့ပါသည်။

(၃) မြေအောက်ရေ (အဝီစိတွင်း) များ တူးဖော်ခြင်း

မြေပေါ်ရေ ရရှိရန်ခက်ခဲသည့် နေရာဒေသများနှင့် မြေအောက်ရေ(အဝီစိတွင်း)တူးဖော် ထုတ်ယူ သုံးစွဲရန် အခြေအနေပေးသည့် နေရာဒေသများတွင် မြေအောက်ရေတွင်း တူးဖော်ဆောင်ရွက် ပေးလျက်ရှိပါသည်။ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၏ တိုင်းဒေသကြီး(၃)ခုအတွင်း ၁၉၉၇-၁၉၉၈ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ မြေအောက်ရေ(အဝီစိတွင်း) (၁၃၉) တွင်း အား တူးဖော်ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

(၄) ဂါလန် (၅၀၀၀) ဆံ့ မိုးရေစုကန်များ တည်ဆောက်ခြင်း

အပူပိုင်းဒေသနေ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်နှင့် ဒေသခံပြည်သူများ မိုးရေစုဆောင်းသည့် အလေ့အကျင့်တိုးပွားလာစေရန် ရည်ရွယ်၍ အပူပိုင်း ဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊  တိုင်းဒေသကြီး(၃)ခုအတွင်း  ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှ စတင်၍ ဂါလန်(၅၀၀၀)ဆံ့မိုးရေစုကန်များအား တည်ဆောက်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ တိုင်းဒေသကြီး(၃)ခုတွင် ဂါလန်(၅၀၀၀)ဆံ့မိုးရေစုကန် (၁၁၀)ကန်အား တည်ဆောက်ပေးနိုင်ခဲ့ ပါသည်။

(၅) တစ်ဖက်ရပ်ဆည်ငယ်များ တည်ဆောက်ခြင်း

အပူပိုင်းဒေသရှိ ပြည်သူလူထု၏ သောက်သုံးရေ၊ စိုက်ပျိုးရေ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်၊ ဒေသစိမ်းလန်းစိုပြည်စေရန်နှင့် ဆည်အောက်ဖက်ဒေသများရှိ လက်တူးရေတွင်း၊ တုံကင်ရေတွင်း၊ ရေကန်ငယ်များအတွက် လိုအပ်သောရေများကို ထိန်းသိမ်း‌ပေးရန် ရည်ရွယ်၍ တစ်ဖက်ရပ် ဆည်များကို တည်ဆောက်ပေးခဲ့ပါသည်။ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ တိုင်းဒေသ ကြီး(၃)ခုအတွင်း ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၁-၂၀၂၂(၆)လ ဘဏ္ဍာနှစ် အထိ တစ်ဖက်ရပ်ဆည် (၁၃)ခုအား တူးဖော်ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

(၆) တိမ်ကောရေကန် ပြန်လည်တူးဖော်ခြင်း

အပူပိုင်းဒေသရှိ ရေချိုအရင်းအမြစ်ရှားပါးသည့် နေရာအခက်အခဲရှိသည့်  ဒေသများတွင် ဌာနမှ တူးဖော်ခဲသည့် ကန်များ(သို့)ကျေးရွာကန်များအား ပြန်လည်တူးဖော်ခြင်း ဖြစ်ပါသည်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက် ခဲ့သည့် လုပ်ငန်းဖြစ်ပြီး တိုင်းဒေသကြီး(၃)ခုအတွင်း ၂၀၂၁-၂၀၂၂(၆)လ ဘဏ္ဍာနှစ်အထိ တိမ်ကောရေကန်(၃၃)ကန် အား ပြန်လည်တူးဖော်ပြုပြင်ဆောင်ရွက် ပေးနိုင်ခဲ့ပါသည်။

(၇) စိုက်ခင်းအတွင်း ရေကန်ငယ်တူးဖော်ခြင်း

စိုက်ခင်းစခန်းတဲများတွင် နေထိုင်သည့် ဝန်ထမ်းများအတွက် သောက်သုံးရေနှင့် စိုက်ခင်းအတွင်း အစိုဓာတ်ထိန်း သိမ်းနိုင်ရန်၊ လိုအပ်ပါက ရေလောင်းနိုင်ရန် ရည်ရွယ်၍ စိုက်ခင်းအတွင်း ရေကန်ငယ်များ   တူးဖော်ပေးခဲ့ပါသည်။  တိုင်းဒေသကြီး(၃)ခုအတွင်း  ၂၀၁၅-၂၀၁၆    ဘဏ္ဍာနှစ်မှ ၂၀၂၁-၂၀၂၂(၆)လ ဘဏ္ဍာနှစ်အထိ စိုက်ခင်းအတွင်းရေကန် ငယ်(၇)ကန်အား တူးဖော်ဆောင်ရွက်ခဲ့ ပါသည်။

(၈) ဂါလန် (၁၀၀) ဆံ့ မိုးရေခံကွန်ကရစ်ကန်များပြုလုပ်ခြင်း

အပူပိုင်းဒေသ ကျေးလက်နေပြည်သူလူထုအတွက် အိမ်ထောင်စုအလိုက် သန့်ရှင်းသော သောက်သုံး ရေရရှိနိုင်ရန်၊ မိမိတို့နေအိမ်များအလိုက် မိုးရေစုဆောင်းသုံးစွဲနိုင်ရန် ရည်ရွယ်၍ ဂါလန်(၁၀၀)ဆံ့မိုး ရေခံကွန်ကရစ်ကန်များအား    ၂၀၁၈-၂၀၁၉    ဘဏ္ဍာနှစ်မှစတင်၍    ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိပါသည်။ တိုင်းဒေသကြီးများတွင်၂၀၂၁-၂၀၂၂(၆)လ ဘဏ္ဍာနှစ်အထိ  ဂါလန်(၁၀၀)ဆံ့မိုးရေခံကွန် ကရစ်ကန် (၁၉၀၀)ကန်အား ပြုလုပ်ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

(၉) ဂါလန် (၂၀၀) ဆံ့ မိုးရေခံကွန်ကရစ်ကန်များပြုလုပ်ခြင်း

အပူပိုင်းဒေသ ကျေးလက်နေ ပြည်သူလူထုအတွက် အိမ်ထောင်စုအလိုက် သန့်ရှင်းသော သောက်သုံးရေ ရရှိနိုင်ရန်၊ မိမိတို့နေအိမ်များအလိုက် မိုးရေစုဆောင်းသုံးစွဲနိုင်ရန် ရည်ရွယ်၍ ဂါလန်(၂၀၀)ဆံ့မိုးရေခံကွန်ကရစ်ကန်များအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှစတင်၍ ပြုလုပ်ဆောင်ရွက် ပေးလျက်ရှိပါသည်။ တိုင်းဒေသကြီး(၃)ခုတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ  ဂါလန်(၂၀၀)ဆံ့မိုးရေ ခံကွန်ကရစ်ကန် (၅၀၃၀)ကန်အား ပြုလုပ်ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

Dryzone