06
May

မန္တလေးတိုင်းဒေသကြီးအတွင်း သောက်သုံးရေရှားပါးသော ကျေးရွာများသို့ ရေလှူဒါန်းခြင်းဆက်လက်ဆောင်ရွက်

 

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခြောက်သွေ့ကာလနွေရာသီ၌ သောက်သုံးရေရှားပါးသော ကျေးရွာ များသို့ ရေလှူဒါန်းခြင်း   အစီအစဉ်      ဆက်လက်ဆောင်ရွက်ရာ ၅-၅-၂၀၂၄ ရက်နေ့တွင် မိတ္ထီလာခရိုင်၊သာစည်မြို့နယ်၊ ရွာပုလဲကျေးရွာအုပ်စု၊  ရွာပုလဲကျေးရွာရှိ အိမ်ထောင်စု (၃၁၀) စု၊ လူဦးရေ (၁၅၀၀) ဦး တို့အတွက်    သောက်သုံးရေဖူလုံစေရေး မိတ္ထီလာခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်အုန်း နှင့် သာစည်မြို့နယ် ဦးစီးအရာရှိဦးရန်ပိုင် ဦးစီးသောဝန်ထမ်းများမှ ဌာနပိုင် ဂါလံ (၈၀၀) ဆံ့ ထော်လာဂျီရေသယ်ယာဉ်ဖြင့် စုစုပေါင်းရေဂါလံ (၃၂၀၀) လှူဒါန်းခဲ့ပါကြောင်း သိရှိပါသည်။