08
May

မန္တလေးတိုင်းဒေသကြီးအတွင်း သောက်သုံးရေရှားပါးသော ကျေးရွာများသို့ ရေလှူဒါန်းခြင်း ဆက်လက်ဆောင်ရွက်


အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခြောက်သွေ့ ကာလနွေရာသီ၌ သောက်သုံးရေရှားပါးသော ကျေးရွာများသို့ ရေလှူဒါန်းခြင်း အစီအစဉ်စတင် ဆောင်ရွက်ရာ ၇-၅-၂၀၂၄ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မင်းဝံကျေးရွာအုပ်စု၊ မယ်ညိုကျေးရွာနေ အိမ်ထောင်စု ၆၂ စု၊ လူဦးရေ ၃၉၇ ဦး အတွက် ကျောက်ဆည်ခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူးဦးကျော်ဝင်းရွှေ၊ မြစ်သားမြို့နယ် ဦးစီးအရာရှိ ဦးသန့်ဇင် ဦးဆောင်သော ဝန်ထမ်းများမှ ဂါလန်၈၀၀ ဆံ့ ရေသယ်ယာဥ်ဖြင့် သောက်သုံးရေဂါလန် ၁၆၀၀ ကို လည်းကောင်း၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ် ကျောက်ဖြူကုန်းကျေးရွာအုပ်စု မြင်တော်ကန် ကျေးရွာရှိ အိမ်ထောင်စု ၂၂၃စု၊ လူဦးရေ၁၂၃၅ဦး အတွက် မိတ္ထီလာခရိုင် လက်ထောက်ညွှန်ကြားရေး မှူးဦးတင်အုန်း၊ မိတ္ထီလာမြို့နယ် ဦးစီးအရာရှိ ဦးဝေယံဖြို့း ဦးဆောင်သောဝန်ထမ်းများမှ ဂါလန် ၁၂၀၀ဆံ့ ရေသယ်ယာဥ်ဖြင့် သောက်သုံးရေ ဂါလန်၂၄၀၀ တို့အား လှူဒါန်းခဲ့ပါကြောင်း သိရှိရပါသည်။