30
Jun

တောအုပ်ကြီးရာထူးဝင် အရည်အချင်းစစ် စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုခွင့် ရရှိသူများအနေဖြင့် အရည်အချင်းစစ် စာမေးပွဲ ဖြေဆိုခွင့်ကတ်များ ထုတ်ယူရန် အသိပေး ကြေငြာခြင်း

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော တောအုပ်ကြီး (လစာနှုန်း ကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရာထူးနေရာ (၁၅)နေရာ ခန့်အပ်နိုင်ရေးအတွက် (၃-၈-၂၀၁၉)ရက်နေ့နှင့် (၄-၈-၂၀၁၉)ရက်နေ့များတွင် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၌ ကျင်းပပြုလုပ်မည့် တောအုပ်ကြီးရာထူးဝင် အရည်အချင်းစစ် စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုခွင့်ရရှိသူများအနေဖြင့် ၂-၈-၂၀၁၉ ရက် (သောကြာနေ့) (၀၉:၀၀)နာရီမှ (၁၆:၀၀)နာရီ အချိန်အတွင်း သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၊ ရေဆင်းရှိ ကျောင်းသားရေးရာဌာနတွင် မှတ်ပုံတင်မူရင်းပြသ၍ အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုခွင့်ကတ်များ ထုတ်ယူရန်ဖြစ်ပါကြောင်း အသိပေး ကြေငြာအပ်ပါသည်။