20
May

“အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အထူးစီမံကိန်း လုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှုနှင့် ပတ်သက်၍ စီမံကိန်းဒါရိုက်တာများနှင့် Video Conferencing စနစ်ဖြင့် အစည်းအဝေးကျင်းပခြင်း”

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ တိုင်းဒေသကြီး (၃)ခုအတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင်  အ​ကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အထူးစီမံကိန်း လုပ်ငန်းများ၏ ဆောင်ရွက် ပြီးစီးမှုနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀-၅-၂၀၂၀ ရက်နေ့၊ နံနက်(၀၉:၃၀) နာရီအချိန်တွင် အပူပိုင်း ဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြား ခဲ့ပါသည်။

အစည်းအဝေးတွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အ​ကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ရေနံချောင်းမြို့နယ် အထူးစိမ်းလန်း စိုပြည်ရေးဇုံ စီမံကိန်း၊ ရွှေပုံတောင် စိမ်းလန်း စိုပြည်ရေး လုပ်ငန်း၊ တန့်ကြည့်တောင်ဒေသ အထူးစိမ်းလန်း စိုပြည်ရေး စီမံကိန်း၊ ဗောဓိတစ်​ထောင်ဒေသ အထူးစိမ်းလန်း စိုပြည်​ရေး စီမံကိန်းနှင့် အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ADB-GEF Project တို့၏ စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေကို သက်ဆိုင်ရာ စီမံကိန်း ဒါရိုက်တာများက ရှင်းလင်းတင်ပြခြင်း၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးများက ၂၀၂၀ ခုနှစ် မိုးရာသီ စိုက်ခင်းနှင့် အထူးစိမ်းလန်း စိုပြည်ရေး စိုက်ပျိုးခြင်းများ မိုးကြို ရေ​လောင်း စိုက်ပျိုးမှု၊ ပြုစုဆောင်ရွက်မည့် အစီအမံတို့အား ရှင်းလင်းတင်ပြခြင်း၊ တင်ပြချက်များအပေါ် ညွှန်ကြားရေးမှူးချုပ်ရုံး၊ ညွှန်ကြားရေးမှူးများက ကဏ္ဍအလိုက် ​ဆွေးနွေးတင်ပြခြင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က ခြုံငုံသုံးသပ် ဆွေး​​နွေး တင်ပြခြင်း၊ အထွေ​ထွေ ဆွေးနွေးခြင်း၊ ညွှန်ကြားရေးမှူးချုပ်က လမ်းညွှန်မှာကြားခြင်းနှင့် နိဂုံးချုပ် အမှာစကား ပြောကြားခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး အစည်းအဝေးကို မွန်းလွဲ (၁၂:၄၅) နာရီ အချိန်တွင် ပြီးမြောက်ခဲ့ပါသည်။