28
Apr

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူးများ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လမ်းညွှန် အမှာစကားပြောကြားခြင်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူးများ၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပုသိမ်ကြီးမြို့၊ အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စန္ဒကူးခန်းမ၌ ၂၀၁၇ ခုနှစ် ဧပြီလ (၂၈)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းတက်ရောက်၍  အဖွင့်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးစီးရုံးချုပ် ဌာနတာဝန်ခံ ညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့်အထက် အရာထမ်းများ၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးများ၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးများ၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် မြန်မာသစ်လုပ်ငန်း ဒုတိယအထွေထွေမန်နေဂျာတို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာန၏ အနှစ်(၂၀)သက်တမ်းကာလအတွင်း အပူပိုင်းဒေသ၏ ရေ၊ မြေ၊ တော၊ တောင် သဘာဝအခြေအနေများကို မူလအခြေအနေထက် ပိုမိုမပျက်စီးအောင် အတိုင်းအတာ တစ်ခုအထိ ပြန်လည်တိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ၂၀၁၇-၂၀၁၈ ခုနှစ် မှ ၂၀၂၆-၂၀၂၇ ခုနှစ်အထိ ဆောင်ရွက်မည့် မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး စီမံချက်အရ နှစ်စဉ်သစ်တောစိုက်ခင်းဧက ၇၀၀၀ နှင့် သဘာဝတောကျန် ထိန်းသိမ်းကာကွယ်ခြင်း ဧက ၅၀၀၀၀ ကို ဆောင်ရွက်ရန် လျာထားပြီးဖြစ်​ကြောင်းနှင့် လုပ်ငန်းများ နောင်တွင် အောင်မြင် အောင်ကြိုးပမ်းဆောင်ရွက်သွားရန် ပြောကြားပြီး တိုင်းဒေသကြီး သုံးခုမှ တာဝန်ခံ ညွှန်ကြားရေး မှူးများ၊ ဦးစီးရုံးချုပ်မှ ညွှန်ကြားရေးမှူးတို့၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။