သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

  • Home
  • /
  • သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
Department
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

အဓိကတာဝန်ကြီး(၄)ရပ်

သစ်တောစိုက်ခင်းများတည်ထောင်ခြင်း (စ)

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနသည် စိုက်ခင်းတည်ထောင်ခြင်း လုပ်ငန်းကို အပူပိုင်းမိုးနည်းရပ်ဝန်းဒေသနေ ပြည်သူလူထုအား ထင်းလောင်စာ၊ တိုင်၊ မျော၊ လယ်ယာသုံးကိရိယာ များ ဖြည့်ဆည်းပေးနိုင်ရန်၊ ဆည်/ ကန်နှင့် မြစ်/ ချောင်းများ၏ ရေဝေရေလဲဒေသများ ထိန်းသိမ်းရန်၊ တောင်စဉ် တောင်တန်းများ စိမ်းလန်းစိုပြည်လာစေရန်၊ ဒေသစိမ်းလန်းစိုပြည်ရေး အထောက်အကူဖြစ် စေရန်နှင့် အပူပိုင်းဒေသ စိုက်ခင်းလုပ်ငန်းများအား အထောက်အကူပြုမည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန် စသည့် ရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ တည် ထောင်သော စိုက်ခင်းအမျိုးအစားများမှာ –

(၁)   ကျေးရွာသုံးစိုက်ခင်း

(၂)   ရေဝေရေလဲစိုက်ခင်း

(၃)   တောင်တန်းဒေသများ စိမ်းလန်းစိုပြည်ရေးစိုက်ခင်း

(၄)  အခြား(လမ်းဘေး ဝဲ/ယာ စိမ်းလန်းစိုပြည်ရေး) စိုက်ခင်း

(၅) သုတေသနစိုက်ခင်း

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်(၂၀၂၀ ပြည့်နှစ် ၊ မိုးရာသီ) တွင် သစ်တောစိုက်ခင်း (၄၅၈၈)ဧက အား တည်ထောင်စိုက်ပျိုးလျက်ရှိပါသည်။

ကျေးလက်ဒေသဖွံ့ဖြိုးရေးအကောင်အထည်ဖေါ်ဆောင်ရွက်ခြင်း

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ကျေးရွာ(၁)ရွာလျင် ဘက်စုံသုံးစိုက်ခင်း(၁) ဧက၊ တစ်အိမ်ထောင်လျှင် သစ်မာ (၂၀) ပင်နှင့် တစ်အိမ်ထောင် ကျွန်း (၃) ပင် စိုက်ပျိုးပေးခြင်း လုပ်ငန်းများ ကိုလည်း နှစ်စဉ်စီမံချက်များ ချမှတ်၍ ဆောင်ရွက်လျက်ရှိရာ ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-

ဂျပန်နိုင်ငံ၊ Obihiro မြို့၊ JICA center တွင် ၂၀၁၆ ခုနှစ်၊ ဇွန်လ(၁၉) ရက်နေ့မှ စက်တင်ဘာလ (၁၉) ရက်နေ့အထိ ဖွင့်လှစ်ပို့ချခဲ့သည့် “ရေကြီး ရေလျှံမှုကာကွယ်ရေးနှင့် ဂေဟစနစ် ထိန်းသိမ်းရေးလုပ်ငန်းစဉ်များ အတွက် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေရှိစေမည့် ရေဝေ ရေလဲဒေသ စီမံအုပ်ချုပ်မှုဆိုင်ရာ”သင်တန်း(Adaptive Watershed Management to Climate Changes: Flood Control and Ecosystem Conservation) သို့ တက်ရောက်ခဲ့သည့်

အစီရင်ခံစာ

ဆက်စပ်ဌာန၊ အဖွဲ့အစည်းများ၏ Website Link များ

Dryzone