11
May

ရေနံချောင်းမြို့နယ် Greening Complex Zone စီမံကိန်းဧရိယာတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဟောပြောပွဲကျင်းပခြင်း

        

(၉-၅-၂၀၂၄)ရက်နေ့တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ မ​ကွေးတိုင်း​ဒေသကြီး၊ မကွေးခရိုင်တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး  ဦးနေမျိုးအောင် ဦးဆောင်၍ ရေနံချောင်းမြို့နယ် ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် ရေနံချောင်းမြို့နယ် Greening Complex Zone စီမံကိန်းဧရိယာတွင် နွေရာသီကျောင်းပိတ်ရက်ကာလ၌ ကျောင်းသား/ကျောင်းသူများနှင့် ကျေးရွာပြည်သူများအား သဲကန္တာရတိုက်ဖျက်ရေး၊ သစ်ပင်သစ်တောနှင့် ရာသီဥတုလျှော့ချရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြည်ရေး သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများမှ ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများကို ဟောပြောဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ရာ  ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ (၄၅)ဦးနှင့် ကျေးရွာပြည်သူ(၃၀)ဦး၊ စုစုပေါင်း(၇၅)ဦး တက်ရောက်ခဲ့ပါသည်။ ဆက်လက်၍ ကျောင်း သား/ကျောင်းသူများအား ဗလာစာအုပ်နှင့် ဘောပင်များ လှူဒါန်း​ပေးအပ်ခဲ့ပြီး စီမံကိန်း(၅)နှစ် ကာလ အတွင်း စိုက်ပျိုးပြုစုထိန်းသိမ်းထားရှိသော စိုက်ပင်များ၏ ရှင်သန်ဖြစ်ထွန်းမှုများ  နှင့် ပင်းချောင်းပျိုးဥယျာဉ်၌ ပျိုးထောင်ထားရှိသော  အထူးစိမ်းပျိုးပင်များအား လိုက်လံပြသခဲ့ကာ  လာရောက်လေ့လာသူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရှိရပါသည်။