03
Jun

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန e-Government လုပ်ငန်းများဆိုင်ရာ အိတ်ဖွင့်တင်ဒါ (Open Tender) ခေါ်ယူခြင်း

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန

e-Government လုပ်ငန်းများဆိုင်ရာ အိတ်ဖွင့်တင်ဒါ (Open Tender) ခေါ်ယူခြင်း

 

၁။        ၂၀၁၄-၂၀၁၅ ခုနှစ်၊ ဘဏ္ဍာနှစ်အတွင်း အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ဦးစီးရုံးချုပ် (ပုသိမ်ကြီး ) ရှိ သတင်းအချက်အလက်များကို စနစ်တကျ သိမ်းဆည်းရန်နှင့် လွယ်ကူလျင်မြန်စွာ ပြန်လည်ရှာဖွေ အသုံးပြုနိုင်မည့် ရုံးလုပ်ငန်းသုံး Database System တစ်ခုရေးဆွဲခြင်းလုပ်ငန်းကို မြန်မာနိုင်ငံသားလုပ်ငန်းရှင်များသို့ မြန်မာ ကျပ်ငွေဖြင့် လုပ်ငန်းအပ်နှံဆောင်ရွက်လိုပါသည်။

၂။         ရုံးလုပ်ငန်းသုံး Database System ရေးဆွဲရာတွင် လိုအပ်သည့် အသေးစိတ်အချက်အလက်(Request for Proposal) ကို တင်ဒါပုံစံနှင့်အတူ ထုတ်ယူရရှိနိုင်ပါသည်။

 

၃။ ဈေးနှုန်းတင်သွင်းလွှာပုံစံများ စတင်ရောင်းချမည့်ရက်/အချိန်  

 

(၃-၁၀-၂၀၁၄) ရက်နေ့၊ နံနက် (၉:၃၀) နာရီ

တင်ဒါပိတ်မည့်ရက်/အချိန် (၁၇-၁၁-၂၀၁၄) ရက်နေ့၊ ညနေ (၁၆:၃၀) နာရီ
တင်ဒါပုံစံတစ်စုံ ၂၀၀ဝ ကျပ်
ဆက်သွယ်ရန်လိပ်စာ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန(ရုံးချုပ်) စီမံခန့်ခွဲရေးဌာန၊ ဖုန်း၀၂-၅၇၀၃၈

 

                                                                      ပစ္စည်းဝယ်ယူမှုစိစစ်ရေးကော်မတီ

                                                                         အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန(ရုံးချုပ်)

                                                                       မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့။