11
Feb

ထင်းအစားအခြားလောင်စာအသုံးချရေးလုပ်ငန်းများတိုးချဲ့ခြင်း(ထ)

ထင်းအစား အခြားလောင်စာများနှင့် မီးဖိုအမျိုးမျိုး၊ အခြားစွမ်းအင် အမျိုးမျိုးကို တီထွင် ထုတ်လုပ် ရောင်းချဖြန့်ဖြူးကြရာတွင် အခြားစီးပွားရေး လုပ်ငန်းမှာကဲ့သို့ အမြတ်အစွန်းရရှိရေး တစ်ခုတည်းကိုသာ ဦးတည်ဆောင်ရွက်မှု မပြုဘဲ၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး၊ သဘာဝ တောတောင် ရေမြေ ထိန်းသိမ်းရေး၊ ရာသီဥတု သင့်တင့်မျှတ၍ လယ်ယာ သီးနှံအထွက် တိုးရေး အစရှိသည့် ဒေသအတွင်း လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှု၍ ဝိုင်းဝန်း ကူညီပံ့ပိုးကြရန် လိုအပ်ပါသည်။ လုပ်ငန်းရှင်များ၏ သုတေသန လုပ်ငန်းများ၊ တီထွင်ပြုလုပ်မှု လုပ်ငန်းများ၊ အများအပြား ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်မှု လုပ်ငန်းများ၊ သယ်ယူပို့ဆောင် ဖြန့်ဖြူးရေးအပိုင်း များတွင် နိုင်ငံတော်မှ အတတ်နိုင်ဆုံး အထောက်အကူ ပေးမည်ဖြစ်သကဲ့သို့ လုပ်ငန်းရှင်များ ဘက်မှလည်း စီးပွားရေးဆန်ဆန် မဆောင်ရွက်ကြရန် အရေးကြီးပါသည်။ ရှေးအစဉ်အဆက် နှစ်ပေါင်းများစွာ သုံးစွဲခဲ့ကြသည့် သမားရိုးကျနည်းစနစ်ကို ဖယ်ရှား၍ ခေတ်မီနည်းစနစ်များကို အစားထိုးရာတွင် သုံးစွဲကြသူများက လိုလိုလားလား နှစ်ခြိုက်လက်ခံနိုင်သည့် အဆင့်ရောက်သည်အထိ စိတ်ရှည်ရှည်ထား၍ ကောင်းသည်ထက် ကောင်းအောင် ပြုပြင်ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။ မိမိတို့ တီထွင်ထုတ်လုပ်သည့် ပုံစံသစ် ပစ္စည်းများသည် အရည်အသွေးအားဖြင့် သမားရိုးကျ ပစ္စည်းများထက် သာလွန်ရမည် ဖြစ်သကဲ့သို့ စျေးနှုန်း သက်သာစေရန်နှင့် သုံးစွဲရာတွင်လည်း ကြာရှည်ခံစေရန် စေတနာမှန်ဖြင့် ကြိုးပမ်း ဆောင်ရွက်ကြရန် လိုအပ်ပါသည်။ အရည်အသွေး ကောင်းမွန်၍ သုံးစွဲသူများ နှစ်သက် လက်ခံနိုင်သည့် အဆင့်ရောက်ပါက သုံးစွဲသူများ လိုအပ်သလောက် တွင်ကျယ်စွာ ဖြန့်ဖြူးပေးနိုင်ရန် အချိန်တိုတိုအတွင်း အများအပြား ထုတ်လုပ်နိုင်မည့် နည်းစနစ်ဖြင့် ထုတ်လုပ်ပေးနိုင်ရန်လည်း ကြိုးပမ်း ဆောင်ရွက် ပေးရပါမည်။ သို့မှသာ သစ်၊ ထင်း သုံးစွဲမှု တစ်ဟုန်ထိုး ကျဆင်းသွားကာ နိုင်ငံတော်၏ ရည်မှန်းချက်များ၊ ရာနှုန်းပြည့် ရရှိနိုင်မည်ဖြစ်ပါသည်။
လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု

၁၉၉၇-၁၉၉၈ မှ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အထိ စွမ်းအားမြှင့်မီးဖိုဖြန့်ဖြူးခြင်း ဆောင်ရွက်ပြီးစီးမှု (လုံး)
၁၉၉၇-၁၉၉၈ မှ၂၀၁၈ ခုနှစ်(၆)လဘဏ္ဍာနှစ်အထိ လောင်စာတောင့်သုံးစွဲခြင်း ဆောင်ရွက်ပြီးစီးမှု (တုံး)
၁၉၉၇-၁၉၉၈ မှ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်အထိ စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းသုံးစွဲခြင်း ဆောင်ရွက်ပြီးစီးမှု (တန်)
၁၉၉၇-၁၉၉၈ မှ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်အထိ ထင်းအစားအခြားလောင်စာသုံးစံပြကျေးရွာတည်ထောင်ခြင်း ဆောင်ရွက်ပြီးစီးမှု (ရွာ)
၁၉၉၇-၁၉၉၈ မှ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်အထိ လူထုပညာပေးဟောပြောပွဲဆောင်ရွက်ခြင်း ဆောင်ရွက်ပြီးစီးမှု (ကြိမ်)
၁၉၉၇-၁၉၉၈ မှ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အထိ တိုးချဲ့ပညာပေးစခန်းဖွင့်လှစ်ဆောင်ရွက်ခြင်း ဆောင်ရွက်ပြီးစီးမှု (ကြိမ်)
စွမ်းအားမြှင့်မီးဖို၊လောင်စာတောင့်သုံးစွဲခြင်းနှင့်စိုက်ပျိုးစွန့်ပစ်ပစ္စည်းသုံးစွဲခြင်းလုပ်ငန်း လျာထားချက်နှင့်ဆောင်ရွက်ပြီးစီးမှုစာရင်းချုပ် (၃၁-၁၂-၂၀၁၉)ရက်နေ့ထိ
လူထုပညာပေးဟောပြောပွဲနှင့် တိုးချဲ့ ပညာပေးစခန်း ဖွင့်လှစ် ပြသခြင်း လျာထားချက်နှင့် ဆောင်ရွက်ပြီးစီးမှုစာရင်းချုပ် (၃၁-၁၂-၂၀၁၉)ရက်နေ့ထိ
မြို့နယ်အလိုက် စွမ်းအားမြှင့်မီးဖို၊ လောင်စာတောင့်လျာထားချက်၊ စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်း လျာထားချက်နှင့် ဆောင်ရွက်ပြီးစီးမှု စာရင်း
မြို့နယ်အလိုက် လူထုပညာပေးဟောပြောပွဲနှင့် တိုးချဲ့ ပညာပေးစခန်း ဖွင့်လှစ်ပြသခြင်း လျာထားချက်နှင့် ဆောင်ရွက်ပြီးစီးမှုစာရင်း
မြို့နယ်အလိုက် လူထုပညာပေးဟောပြောခြင်းနှင့် တိုးချဲ့ပညာပေးစခန်းဖွင့် လှစ်ဟောပြောခြင်း ဆောင်ရွက်ပြီးစီးမှုစာရင်း
၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး(၃)ခု၌ တည်ထောင်ရန်လျာထားသည့် စံပြကျေးရွာ(၅၃)ရွာစာရင်း
၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်၊ထင်းအစားအခြားလောင်စာတိုးမြှင့်အသုံးချရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု