11
May

ညောင်ဦးမြို့နယ်တွင် ကျောင်းသားကျောင်းသူများအား သစ်ပင်များချစ်မြတ်နိုးတတ်စေရန် နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတတ်စေရန် အသိပညာပေးခြင်းအစီအစဉ် ကျင်းပဆောင်ရွက်

 

၁၀-၅-၂၀၂၄ရက်နေ့တွင် ညောင်ဦးမြို့ရွှေဂူပရဟိတဘုန်းတော်ကြီးသင် မူလတန်းလွန်ပညာ သင်ကျောင်းရှိ ကျောင်းသားကျောင်းသူ ၅၄ ဦး ဆရာမ ၂ ဦး ဒေသခံပြည်သူ ၆ ဦး တို့အား       အပူပိုင်း ဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဇော်လတ် ဦးဆောင်သော ဝန်ထမ်းများမှ ချောက်ဘုရားလှအမြဲတမ်းပျိုးဥယျာဥ်ရှိ ပျိုးပင်များအားပြသခြင်း၊       သစ်ပင်စိုက်ပျိုးခြင်း နည်းစနစ်အား လက်တွေ့ရှင်းလင်းပြသခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ ရွှေဂူပရဟိတကျောင်းခန်းမ၌ အပူပိုင်းဒေသစိမ်းလန်စိုပြည်ရေးဦးစီးဌာန မှ     ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ညောင်ဦးမြို့နယ် သစ်တောဦးစီးအရာရှိနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးအရာရှိတို့မှ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး ဗီဒီယိုနှင့် သစ်တောသစ်ပင်အကျိုးကျေးဇူးအသိပညာပေး  ဗီဒီယိုကလစ်များပြသခဲ့ကြောင်း သိရှိရပါသည်။