27
Jun

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၌ “ဥပဒေအသိပညာပြန့်ပွားရေးဆင့်ပွားသင်တန်း အမှတ်စဉ် (၁/၂၀၂၅-၂၀၂၆)” သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

      သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စန္ဒကူးခန်းမ၌  ၂၇-၆-၂၀၂၅ ရက်နေ့ နေ့လယ် (၁၄:၃၀) အချိန်တွင်  “ဥပဒေအသိပညာပြန့်ပွားရေးဆင့်ပွားသင်တန်း အမှတ်စဉ် (၁/၂၀၂၅-၂၀၂၆)” သင်တန်းဆင်းပွဲအခမ်းအနားအား ကျင်းပခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဘကောင်း၊ သက်ဆိုင် ရာ ဌာနခွဲအသီးသီးမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် အရာထမ်းများ၊ အထူး ဖိတ်ကြားထားသော မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး နှင့် သင်တန်းသား/သင်တန်းသူများ တတ်ရောက်ခဲ့ကြပါသည်။

အခမ်းအနားအား အစီအစဉ် (၅) ရပ်ဖြင့် ကျင်းပခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်မှ အဖွင့် အမှာစကားပြောကြားရာ၌ သင်တန်းဖွင့်လှစ်ရတဲ့ အဓိကရည်ရွယ်ချက်မှာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ “နိုင်ငံသားတိုင်း ဥပဒေအသိ ပညာရှိသင့်သည်” ဆိုသည့် လမ်းညွှန်ချက်နှင့်အညီ ဥပဒေဆိုင်ရာအခြေခံသဘောတရားများကို သိရှိနားလည်ပြီး သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အသီးသီး၌ ထမ်းဆောင်ရမည့် လုပ်ငန်းတာဝန်ဝတ္တရာများကို ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ တာဝန်ထမ်းဆောင်နိုင်သည့် နိုင်ငံဝန်ထမ်းကောင်းများဖြစ်လာစေရန်နှင့် ထပ်ဆင့်ဖြန့်ဝေပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ မန္တလေးတိုင်း ဥပဒေရေးရာဌာန က ဖွင့်လှစ်သင်ကြားခဲ့တဲ့ ဥပဒေအသိ ညာပြန့်ပွားရေးဆရာဖြစ်သင်တန်းသို့ တတ်ရောက်ခဲ့တဲ့ အရာထမ်းများက ဆင့်ပွားသင်တန်းအဖြစ် ဆက်လက်ပို့ချခဲ့တာဖြစ်သည့်အတွက် လိုအပ်ချက်များ အပေါ် နားလည်ပေးစေလိုပါကြောင်း၊ သင် တန်းကာလအတွင်းမှာ သင်ကြားပို့ချခဲ့သော အသိပညာ ဗဟုသုတတွေကို သင်တန်းသားအားလုံးက နားလည်သဘောပေါက်ကာ တည်ဆဲဥပဒေများကို လေး စားလိုက်နာရန် လိုအပ်ပါကြောင်းတိုက်တွန်း ပြောကြားခဲ့ပါသည်။