
အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၌ “ဥပဒေအသိပညာပြန့်ပွားရေးဆင့်ပွားသင်တန်း အမှတ်စဉ် (၁/၂၀၂၅-၂၀၂၆)” ကျင်းပ
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စန္ဒကူးခန်းမ၌ ၂၅-၆-၂၀၂၅ ရက်နေ့ နံနက် (၈:၃၀) အချိန်တွင် “ဥပဒေအသိပညာပြန့်ပွားရေးဆင့်ပွားသင်တန်း အမှတ်စဉ် (၁/၂၀၂၅-၂၀၂၆)” ကို ကျင်းပခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဘကောင်း၊ သက်ဆိုင်ရာဌာနခွဲအသီးသီးမှ ညွှန်ကြားရေးမှူးများ၊ ဒုတိ ယညွှန်ကြားရေးမှူးများနှင့် အရာထမ်းများ၊ အထူးဖိတ်ကြားထားသော မန္တလေးတိုင်းဒေသကြီး သစ် တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့်အရာထမ်းများ၊ သင်တန်းသား/သင်တန်းသူများ တတ်ရောက်ခဲ့ ကြပါသည်။
အခမ်းအနားအား အစီအစဉ် (၅) ရပ်ဖြင့် ကျင်းပခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်မှ အဖွင့် အမှာစကားပြောကြားရာ၌ သင်တန်းဖွင့်လှစ်ရတဲ့ အဓိကရည်ရွယ်ချက်မှာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ “နိုင်ငံသားတိုင်း ဥပဒေအသိ ပညာရှိသင့်သည်” ဆိုသည့် လမ်းညွှန်ချက်နှင့်အညီ လုပ်ငန်းတာဝန်ဝတ္တရာများကို ဥပဒေ၊ စည်းမျဉ်းစဉ်းကမ်းများနှင့်အညီ စနစ် တကျ တာဝန်ထမ်းဆောင်နိုင်သည့် နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်လာစေရန်နှင့် ဝန်ထမ်းအဖွဲ့အစည်း ဝန်းထမ်းမိသားစုနှင့် လူမှုဝန်းကျင်တွင် ထပ်ဆင့်ဖြန့်ဝေပေးနိုင်ရန် ရည်ရွယ်ပါကြောင်း၊ ဥပဒေသည် နိုင်ငံတစ်နိုင်ငံအတွက် မရှိမဖြစ်လိုအပ်သည့် အရာတစ်ခုဖြစ်ပြီး လေးစားလိုက်နာစောင့်ထိန်းရန် လိုအပ်ပါကြောင်း၊ ယခုသင်တန်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရာဇသတ်ကြီးပုဒ်မများ၊ ကလေးသူ ငယ်အခွင့်အရေးဆိုင်ရာဥပဒေများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ၊ လောင်ကစားဥပဒေ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ များကို အတိုချုံး၍ ထိရောက်စွာ သင်ကြားပို့ချသွားမှာဖြစ်ပါကြောင်း၊ သင်တန်းသာ/သူများအနေနဲ့လည်း စိတ်ပါဝင်စားစွာ ကြိုးစားလေ့လာသင်ယူရန် လိုအပ်ပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ နိဂုံးချုပ်အနေဖြင့် ဝန်ထမ်းများအနေနဲ့ မိမိတို့ဌာနနှင့် ဆက်စပ်နေတဲ့ ဥပဒေ တွေကိုသာ သိရှိနေရုံနှင့် မလုံလောက်ဘဲ ပြဌာန်းဥပဒေများ၊ အရေးကြီး ဥပဒေများအား သိရှိလိုက်နာ ကျင့်သုံးကြရန်နှင့် ခေတ်ကာလနှင့်အညီ နိုင်ငံတော်က ပြဌာန်းတဲ့ ဥပဒေများကို မျက်ခြေမပြတ် လေ့ လာသွားကြရန်လိုအပ်ပါကြောင်း တိုက်တွန်းခဲ့ပါသည်။