
မန္တလေးတိုင်းဒေသကြီးတွင် ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှုနှင့်မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကျင်းပ
၂၀၂၅ ခုနှစ်၊ ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှုနှင့်မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သစ်ပင် စိုက်ပျိုးပွဲတော်အခမ်းအနားကို ၂၀၂၅ ခုနှစ် ဇွန်လ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ အစိုးရနည်းပညာကောလိပ်(မန္တလေး)ဝင်းအတွင်း၌ မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက ဦးဆောင်ကျင်းပရာ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် ဦးဆောင်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တက္ကသိုလ်/ ကောလိပ်များမှ ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများ၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများ စုစုပေါင်း(၈၇၀)ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားကို အစီအစဉ်(၇)ရပ်ဖြင့် ကျင်းပရာ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး အထိမ်းအမှတ် သစ်ပင်ကို ဦးဆောင်စိုက်ပျိုးပေးပါသည်။ ဆက်လက်၍ သစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားသို့ တက်ရောက်လာသူများက သစ်မျိုး(၁၄)မျိုး၊ ပျိုးပင်ပေါင်း(၈၇၀)ပင်ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးပေးကြပါသည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် သစ်ပင်စိုက်ပျိုး ပွဲတော်အခမ်းအနားသို့ တက်ရောက်လာသူများက ပျိုးပင်များစိုက်ပျိုးနေမှုနှင့် ကမ္ဘာ့သဲကန္တာရ ဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပိုစတာများ ခင်ကျင်းပြသထားရှိမှု တို့အား လှည့်လှည်ကြည့်ရှုအားပေးခဲ့ပါသည်။