08
Nov
အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး ၏ ၁၁/၂၀၂၅ ဝန်ထမ်းစုံညီအစည်းအဝေး (ဒါဘာ) အခမ်းအနားကျင်းပခြင်း
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစို ပြည်ရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်ရုံး၊ စန္ဒကူးခန်းမ၌ ၁၁/၂၀၂၅ ဝန်ထမ်းစုံညီအစည်းအဝေး (ဒါဘာ) အခမ်းအနားအား ၈-၁၁-၂၀၂၅ ရက်နေ့ (၁၅:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဘ ကောင်း နှင့် သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ခံညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူး များ၊ အရာထမ်း၊ အမှုထမ်းများ တတ်ရောက်ခဲ့ကြပါသည်။ ဝန်ထမ်းစုံညီအစည်းအဝေးအား အစီ အစဉ် (၈) ရပ်ဖြင့် ကျင်းပခဲ့ရာ ဦးစီးရုံးချုပ် ဌာနခွဲအသီးသီးရှိ ဝန်ထမ်းများမှ လိုအပ်ချက်များအား တင်ပြခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဆွေးနွေးကာ လိုအပ်ချက်များအား ဖြည့်ဆည်း ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။










