အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၏ (၂၈) ကြိမ်မြောက် ကထိန်သင်္ကန်းကပ်လှူပူဇော်ပွဲအခမ်းအနားကျင်းပ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၏ (၂၈) ကြိမ်မြောက် ကထိန်သင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားကို ၂-၁၁-၂၀၂၅ ရက်နေ့ (တနင်္ဂနွေနေ့) နံနက်(၀၆:၃၀) နာရီ အချိန်တွင် စန္ဒကူးခန်းမတွင် ကျင်းပပြုလုပ်ခဲပါသည်။
အစီအစဉ်အရ နမောတဿ (၃) ကြိမ် ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအစီအစဉ်အား စတင်ဖွင့်လှစ်ခဲ့ပြီး ကြွရောက်လာသော ဆရာတော်သံဃာတော်များထံမှ (၅)ပါးသီလ ခံယူဆောက်တည်ကာ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္တုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခြင်း၊ သံဃာတော်အရှင်သူမြတ်တို့က အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ပွားသရဇ္စျာယ်ပြီး အနုမောဒနာတရားချီးမြှင့်ပေးခြင်း၊ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုတ်သိမ်းခဲ့ပြီး၊ (၂၈) ကြိမ်မြောက် ကထိန်သင်္ကန်းကပ်လှူ ပူဇော်ပွဲ သို့ ကြွရောက်လာသူများအား မုန့်၊ လက်ဖက်ရည်တို့ဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြပါသည်။








