
အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဝန်ထမ်းမိသားစုများ၏ (၂၈) ကြိမ်မြောက် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ ကျင်းပ
အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဝန်ထမ်းမိသားစုများ၏ (၂၈) ကြိမ်မြောက် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားကို ၁၀-၈-၂၀၂၅ ရက်နေ့ (တနင်္ဂနွေနေ့) နံနက်(၀၆:၀၀) နာရီ အချိန်တွင် စန္ဒကူးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစီအစဉ်အရ နမောတဿ (၃) ကြိမ် ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား အစီအစဉ်အား စတင်ဖွင့်လှစ်ခဲ့ပြီး ကြွရောက်လာသော ဆရာတော်ကြီးများထံမှ (၈) ပါး သီလ ခံယူဆောက်တည်ကာ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူ နှင့်ဇနီး ဒေါ်ဌေးဌေးလွင် တိုမှ၎င်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဘကောင်း နှင့် ဇနီး ဒေါ်ညွှန့်ဝေသန်း တို့ နှင့် ကျန် အလှူရှင်များမှ ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္တုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခြင်း၊ သံဃာတော်အရှင်သူမြတ်တို့က အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ပွားသရဇ္စျာယ်ပြီး ဝါဆိုသင်္ကန်းအနုမောဒနာတရားချီးမြှင့်ပေးခြင်း၊ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ကာအခမ်းအနားအား ရုတ်သိမ်းခဲ့ပြီး၊ (၂၈) ကြိမ်မြောက် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ သို့ တရားတော်နာ ကြွရောက်လာသူများအား မုန့်၊ လက်ဖက်ရည်တို့ဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ပါသည်။
ဤကုသိုလ်ကောင်းမှုအစုစုတို့အား နတ်လူသာဓုခေါ်စေသော်
🙏🙏🙏🙏🙏🙏🙏🙏