 
                                                                                    အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦစီးဌာန၌ လစ်လပ်လျက်ရှိသော ဦးစီးအရာရှိ (၁၂) နေရာတွင် သတ်မှတ်အရည်အချင်းများနှင့်ကိုက်ညီသူများဝင်ရောက်ဖြေဆိုနိုင်ကြောင်း အသိပေးကြေညာချက်
၁။ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အမိန့်ကြော်ငြာစာအမှတ် (၃/၂၀၂၄) ဖြင့် ဦးစီးအရာရှိရာထူးနေ ရာများအတွက် လျှောက်လွှာခေါ်ယူရာတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန် ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန မှ ဦးစီးအရာရှိ (၁၂) နေရာတွင် အောက်ပါ အရည်အချင်းနှင့်ကိုက်ညီသူများ ဝင်ရောက်ဖြေဆိုနိုင်ပါသည်-
| စဉ် | ဌာန | ရာထူး | လစ်လပ် | ပညာအရည်အချင်း | 
| (၁) | အပူပိုင်းဒေသစိမ်းလန်းစို ပြည်ရေးဦးစီးဌာန | ဦးစီးအရာရှိ | ၈ | သိပ္ပံဘွဲ့ (သစ်တော) (B.Sc.(forestry)) | 
| (၂) | ဦးစီးအရာရှိ | ၂ | စီးပွားရေးသိပ္ပံဘွဲ့ (စာရင်းကိုင်နှင့်ဘဏ္ဍာရေး ပညာ) (B.B.Sc) Accounting & Finance) | |
| (၃) | လက်ထောက် အင်ဂျင်နီယာ | ၂ | အင်ဂျင်နီယာဘွဲ့ (မြို့ပြ) (B.E(civil)) | 
၂။ လျှောက်ထားသူသည် –
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
(ခ) အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၌ လျှောက်ထားသူများသည် ၁၂-၁-၂၀၂၅ ရက်နေ့တွင် ပြင်ပပုဂ္ဂိုလ် အသက် (၃၀) နှစ် (ဝန်ထမ်းဖြစ်ပါက အသက် ၃၅ နှစ်) ထက်မကျော်လွန်သူဖြစ်ရမည်။
၃။ လစ်လပ်ရာထူးနေရာများအတွက် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ နည်းဥပဒေ ၂၁၀၊ နည်းဥပဒေ ခွဲ (ဇ) အရ ရာထူးမှ ထုတ်ပယ်ခံရသူများ လျှောက်ထား လာပါက လက်ခံရယူခြင်း မရှိပါကြောင်း ဖော်ပြထားပါသည်။ ရာထူးမှ ထုတ်ပယ်ခံရသူများ လျှောက်ထားလာပါက ရွေးချယ်မည် မဟုတ်ပါ ကြောင်း အသိပေးဖော်ပြအပ်ပါသည်။
(၄) လျှောက်လွှာတင်သွင်းလိုသူများသည် မိမိတို့နှင့်သက်ဆိုင်သော ကိုယ်ရေးအချက်အလက် များကို မှန်ကန်စွာ ဖြည့်သွင်း၍ အချိန်မှီလျှောက်ထားရမည်။ လျှောက်လွှာတွင် ဖြည့်သွင်းရမည့် အချက်အလက်များကို လိမ်လည်တင်ပြခြင်း၊ ထိမ်ချန်ထားခြင်းနှင့် မရိုးသားမှုတစ်ခုခုဖြင့် လျှောက် ထားခြင်း၊ ဖြေဆိုခြင်းတို့ကို စိစစ်တွေ့ရှိရပါက ပြန်တမ်းဝင်အရာရှိအဆင့် ရေးဖြေစာမေးပွဲဖြေဆိုခွင့် ပယ်ဖျက်ခြင်း၊ ရွေးချယ်ခံရသည့်တိုင် ရွေးချယ်သူများ၏ အမည်စာရင်းမှ ပယ်ဖျက်ခြင်းခံရမည့်အပြင် လိုအပ်ပါက ဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ပါသည်။ လျှောက်ထားသူများအနေဖြင့် UCSB e-RSS Mobile Application ကို အသုံးပြု၍ Google Play Store နှင့် Apple Store တို့မှ တဆင့် Down Load ရယူ၍ အသုံးပြုရန် (သို့မဟုတ်) UCSB e-RSS Web Based အသုံးပြု၍ e-Recruitment , ucsb.gov.mm သို့ ဝင်ရောက်ကာ မှတ်ပုံတင်ပြုလုပ်ပြီး စနစ်တွင် ကိုယ်ပိုင် Account တစ်ခု တည် ဆောက်ရပါမည်။ မှတ်ပုံတင်ပြုလုပ်ရန်အတွက် လျှောက်ထားသူ၏ ကိုယ်ပိုင် e-mail အသုံးပြုရမည် ဖြစ်ပါသည်။ အသုံးပြုရာတွင် မြန်မာယူနီကုဒ် (ပြည်ထောင်စု စာလုံး Pyidaungsu font) တစ်မျိုး တည်းကိုသာ အသုံးပြုရပါမည်။ အသုံးပြုနည်းအသေးစိတ်ကို User Guide အား Download ရယူ၍ ဖတ်ရှု့လေ့လာကာ စနစ်အတွင်း သို့ ဝင်ရောက် ဆောင်ရွက်ရမည်ဖြစ်ပါသည်။
(၅) User Guide နှင့် လျှောက်လွှာတင်သွင်းသူများလိုက်နာရန် လမ်းညွှန်ချက် စာစောင်တို့ကို ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ Website – www.ucsb.gov.mm , Web Portal နှင့် Myanmar National Web Portal တို့တွင်လည်း ဖော်ပြပေးထားပြီး တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ ရုံးများ တွင် ဝင်ရောက်ဖတ်ရှု့လေ့လာနိုင်ပါသည်။ လျှောက်လွှာတွင် ဖော်ပြရမည့် အချက်များ၊ ပူးတွဲ တင်ပြရမည့် စာရွက်စာတမ်းမိတ္တူများ၊ ဝင်ကြေးငွေ ၅၀၀၀/- ပေးသွင်းရမည့် နည်းလမ်း၊ ရေးဖြေစာ မေးပွဲစစ်ဆေးခြင်း၊ စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးခြင်းတို့အတွက် လေ့လာရန် လိုအပ်ချက်များ နှင့်စပ်လျဉ်း၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့က ကြော်ငြာခေါ်ယူသော ရာထူးများအတွက် လျှောက် လွှာတင်သွင်းသူများ လိုက်နာရန် လမ်းညွှန်ချက်စာစောင်ပါ သတ်မှတ်ချက်များနှင့် အညီ လိုက်နာ ဆောင်ရွက်ရန်ဖြစ်ပါသည်။
(၆) လျှောက်ထားသူသည် လျှောက်ထားမည့် ရာထူးအတွက် ဝင်ကြေးငွေ ၅၀၀၀/- (ကျပ်ငါး ထောင်တိတိ) ကို သီးခြားစီပေးသွင်း၍ ပေးသွင်းထားသည့် ချလန် ဖြင့် ပူးတွဲလျှောက်ထားရမည်။
(၇) ဝင်ကြေးငွေပေးသွင်းရာတွင် Online Banking (သို့မဟုတ်) Manual နည်းလမ်း (၂) မျိုးဖြင့် ပေးသွင်းနိုင်ပါသည်။ Online Banking စနစ်ဖြင့် ပေးသွင်းရာတွင် CB Pay, Master, MPU, JCB, VISA Payment Method (၅) မျိုးဖြင့် ပေးသွင်းနိုင်ပါသည်။
၈။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ကခေါ်ယူသော ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ် ရာထူးနေရာများကို လျှောက်ထားရာတွင်-
(က) လျှောက်ထားသူသည် နိုင်ငံ့ဝန်ထမ်းဖြစ်ပါက လျှောက်ထားမိတ္ထူ (၁) စောင်ကို မိမိတာဝန်ထမ်းဆောင်သည့် ဌာနမှတစ်ဆင့် သက်ဆိုင်ရာဝန်ကြီး ဌာန၊ အဖွဲ့အစည်းသို့ အဆင့်ဆင့်တင်ပြပြီး ဝန်ကြီးဌာန၊ အဖွဲ့အစည်း၏ ခွင့်ပြုစာနှင့်အတူ ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်ဒဏ်ကျခံဆဲ ဟုတ်၊ မဟုတ် ထောက်ခံချက် ပူးတွဲလျက် လျှောက်လွှာပိတ်ပြီး ရက်သတ္တ(၂) ပတ် (၁၄) ရက်အတွင်း (၂၈-၁-၂၀၂၅) ရက်နေ့နောက်ဆုံးထား၍ ပေးပို့ရမည်။ အချိန်မီပေးပို့ခြင်းမရှိပါက ဖြေဆိုခွင့်ပြုမည်မဟုတ်ပါ၊
(ခ) တာဝန်ထမ်းဆောင်ဆဲနိုင်ငံ့ဝန်ထမ်းနှင့် နိုင်ငံဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ဘူးသူများ အနေဖြင့် ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်ဒဏ်တစ်မျိုးမျိုး ကျခံခဲ့ဖူးသူဖြစ်ပါက ပြစ်ဒဏ်အမျိုးအစားကို လျှောက်လွှာတွင် ထည့်သွင်းဖော်ပြလျှောက်ထားရမည်၊
(ဂ) ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း (Dismissal) ခံရသူများအနေဖြင့် လျှောက်ထားခွင့်မရှိ ပါ။
၉။ လျှောက်ထားသူများသည် Online မှ လျှောက်လွှာတင်သွင်းစဉ်ကပင် လျှောက်လွှာနှင့်အတူ ချလန်၊ ဘွဲ့လက်မှတ်၊ ဘွဲ့နောက်ဆုံးနှစ်အမှတ်စာရင်း၊ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်၊ အလုပ် သမားမှတ်ပုံတင်ကတ်ပြားနှင့် နိုင်ငံဿားစိစစ်ရေးကတ်ပြားစသည့် စာရွက်စာတမ်းမိတ္တူများ ပူးတွဲ တင်ပြရမည်။ သတ်မှတ်စာရွက်စာတမ်း မိတ္တူမပါရှိသူများ၊ လျှောက်လွှာပိတ်ရက်ကျော်လွန်ပြီးမှ စာမေးပွဲဝင်ကြေးပေးသွင်းထားသူများ၊ လျှောက်လွှာပိတ်ရက်ကျော်လွန်ပြီးမှ တင်သွင်းသူများကို စနစ်မှ အလိုအလျောက်လက်ခံပေးမည်မဟုတ်ပါကြောင်းနှင့် Manual ပေးပို့သည့် လျှောက်လွှာများ ကို (လုံးဝ) လက်ခံဆောင်ရွက်ပေးမည်မဟုတ်ပါ။
၁၀။ ရေးဖြေစာမေးပွဲစစ်ဆေးခြင်းကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေးနှင့် မော်လမြိုင်မြို့ တို့တွင် စာစစ်ဌာန (၅) ခုဖြင့် တစ်ပြိုင်နက်တည်းကျင်းပမည်ဖြစ်သည့်အတွက် စာစစ်ဌာန (၅) ခု အနက် မိမိတို့ဖြေဆိုမည့် စာစစ်ဌာန (၁) ခုကို ရွေးချယ်ဖော်ပြလျှောက်ထားရမည်ဖြစ်ပြီး အဆိုပါ စာစစ်ဌာန၌သာ ဖြေဆိုခွင့်ပြုမည်ဖြစ်ပါကြောင်းနှင့် အခြားစာစစ်ဌာနများသို့ ပြောင်းရွှေ့ဖြေဆိုခွင့် ပြုမည်မဟုတ်ပါကြောင်း အသိပေးဖော်ပြအပ်ပါသည်။
၁၁။ ရေးဖြေစာမေးပွဲစစ်ဆေးခြင်းအတွက် ဖြေဆိုခွင့်ရရှိသူများသည် သက်ဆိုင်ရာ စာစစ်ဌာနအ လိုက်ဖြေဆိုရမည့် ကျောင်း၊ စာဖြေခန်းတို့ကို ခုံအမှတ်စာရင်းနှင့်အတူ ယှဉ်တွဲဖော်ပြကာ ၁၄-၂-၂၀၂၅ ရက်နေ့မှ စတင်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ Website, Web Portal နှင့် Myanmar National Web Portal တို့တွင် ထုတ်ပြန်ကြေညာပေးထားမည်ဖြစ်ပြီး စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ၂၀-၂-၂၀၂၅ နှင့် ၂၁-၂-၂၀၂၅ ရက်နေ့တို့တွင် နေပြည်တော်နှင့်စာစစ်ဌာနတည်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရရုံးများ၌ ထုတ်ပေးမည်ဖြစ်ပါသည်။
၁၂။ ရေးဖြေစာမေးပွဲကို ၂၂-၂-၂၀၂၅ ရက် (စနေ့နေ့)တွင် ၀၉:၀၀ နာရီမှ ၁၁:၀၀ နာရီ အထိ မြန်မာ စာနှင့် ၁၃:၀၀ နာရီ မှ ၁၅:၀၀ နာရီ အထိ အင်္ဂလိပ်စာဘာသာရပ်ကိုလည်းကောင်း၊ ၂၃-၂-၂၀၂၅ ရက် (တနင်္ဂနွေ) တွင် ၀၉:၀၀ နာရီမှ ၁၁:၀၀ နာရီအထိ သုတရေးရာ ဘာသာရပ်ကို လည်းကောင်း ဖြေဆိုရ မည်ဖြစ်ပါသည်။
၁၃။ ရေးဖြေစာမေးပွဲ အောင်မြင်သူများ၏ အမည်စာရင်း၊ စိတ်အခြေအနေ နှင့် လူတွေ့စစ်ဆေး မည့် နေရက်နှင့်အချိန်တို့ကို ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ Website , Web Portal နှင့် Myanmar National Web Portal တို့တွင် ထုတ်ပြန်ကြေညာပေးထားမည်ဖြစ်ပါသည်။
၁၄။ အခြားစုံစမ်းမေးမြန်းလိုချက်ရှိပါက ပြည်ထောင်စုရာထူးဝန်အဖွဲ့ ၊ ရုံးအမှတ် (၁၇)၊ နေပြည် တော်၊ (တယ်လီဖုန်းအမှတ် ၀၆၇-၃၄၀၉၀၅၂၊ ၀၆၇-၃၄၀၉၄၃၀၊ ၀၉-၄၂၄၄၀၈၉၅၄၊ ၀၉-၄၂၀၇၀၆၆၀ ၅၊ ၀၉-၇၉၇၇၂၇၆၉၆၊ ၀၉-၂၆၂၅၀၂၉၈၈) သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
၁၅။ လျှောက်ထားသူများအနေဖြင့် ကြော်ငြာပါရာထူးတွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ ဌာနများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များအား ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ Website ဖြစ်သည့် www.ucsb.gov.mm , Web Portal နှင့် Myanmar National Web Portal တို့တွင် ဝင်ရောက်ဖတ် ရှု့နိုင်ပါသည်။

 
                                                    
