 
                                                                                    ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန e-Government လုပ်ငန်းများဆိုင်ရာ အိတ်ဖွင့်တင်ဒါ (Open Tender) ခေါ်ယူခြင်း
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန
အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန
e-Government လုပ်ငန်းများဆိုင်ရာ အိတ်ဖွင့်တင်ဒါ (Open Tender) ခေါ်ယူခြင်း
၁။ ၂၀၁၄-၂၀၁၅ ခုနှစ်၊ ဘဏ္ဍာနှစ်အတွင်း အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ဦးစီးရုံးချုပ် (ပုသိမ်ကြီး ) ရှိ သတင်းအချက်အလက်များကို စနစ်တကျ သိမ်းဆည်းရန်နှင့် လွယ်ကူလျင်မြန်စွာ ပြန်လည်ရှာဖွေ အသုံးပြုနိုင်မည့် ရုံးလုပ်ငန်းသုံး Database System တစ်ခုရေးဆွဲခြင်းလုပ်ငန်းကို မြန်မာနိုင်ငံသားလုပ်ငန်းရှင်များသို့ မြန်မာ ကျပ်ငွေဖြင့် လုပ်ငန်းအပ်နှံဆောင်ရွက်လိုပါသည်။
၂။ ရုံးလုပ်ငန်းသုံး Database System ရေးဆွဲရာတွင် လိုအပ်သည့် အသေးစိတ်အချက်အလက်(Request for Proposal) ကို တင်ဒါပုံစံနှင့်အတူ ထုတ်ယူရရှိနိုင်ပါသည်။
| ၃။ | ဈေးနှုန်းတင်သွင်းလွှာပုံစံများ စတင်ရောင်းချမည့်ရက်/အချိန် | – | (၃-၁၀-၂၀၁၄) ရက်နေ့၊ နံနက် (၉:၃၀) နာရီ | 
| တင်ဒါပိတ်မည့်ရက်/အချိန် | – | (၁၇-၁၁-၂၀၁၄) ရက်နေ့၊ ညနေ (၁၆:၃၀) နာရီ | |
| တင်ဒါပုံစံတစ်စုံ | – | ၂၀၀ဝ ကျပ် | |
| ဆက်သွယ်ရန်လိပ်စာ | – | အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန(ရုံးချုပ်) စီမံခန့်ခွဲရေးဌာန၊ ဖုန်း– ၀၂-၅၇၀၃၈ | 
ပစ္စည်းဝယ်ယူမှုစိစစ်ရေးကော်မတီ
အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန(ရုံးချုပ်)
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့။


 
                                                    
