တည်နေရာနှင့် အကျယ်အဝန်း

         ၁၉၉၇ ခုနှစ် စက်တင်ဘာလ(၁၈)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးကို စတင်ဖွင့် လှစ်ခဲ့ပြီး တိုင်း‌ဒေသကြီး(၃)ခု၊ ခရိုင်(၁၃)ခရိုင်၊ မြို့နယ်(၅၇) မြို့နယ်ရှိ (၂၁.၅၅၇) သန်းဧကအကျယ်အဝန်းကို အရာထမ်း(၁၃၇)ဦး၊ အမှုထမ်း (၃၀၉၄)ဦး ပေါင်း(၃၂၃၁)ဦး တို့ဖြင့် စတင်ခဲ့ပြီး၊ ၂၀၀၀-၂၀၀၁ ဘဏ္ဍာနှစ်မှ စတင်၍ မကွေးတိုင်း‌ဒေသကြီးရှိ ဂန့်ဂေါခရိုင် (ဂန့်ဂေါ၊ထီးလင်း၊ဆော) (၃)မြို့နယ်အား ချန်လှပ်၍ အကျယ်အဝန်း(၂၀.၁၇)ဧကသန်းဖြင့် ပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါသည်-

            ပြည်ထဲရေးဝန်ကြီးဌာန၏ ၁၉-၆-၂၀၁၃ ရက်စွဲပါစာအမှတ်၊ ၂၀၀/၂၁-၇၉/ ဦး(၁) ၉၃၅၈)ဖြင့် ယင်းမာပင်၊ ဆားလင်းကြီး၊ ပုလဲ၊ ကနီမြို့နယ်များကို ယင်းမာပင်ခရိုင်အဖြစ်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ၃၀-၃-၂၀၁၅ ရက်စွဲပါစာအမှတ်၊၂၀၀/၂၃-၄၆ (၄၅၅)ဦး၁(အထဥ)ဖြင့် ရွှေဘိုခရိုင် အတွင်းရှိ (ကန့်ဘလူ၊ ရေဦး၊ တန့်ဆည်)မြို့နယ်များအား ကန့်ဘလူခရိုင်အဖြစ်လည်းကောင်း တိုးချဲ့ဖွဲ့စည်းခဲ့ပြီး၊ ၁၅-၁-၂၀၁၄ ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ်(၄၁/၂၀၁၄)ဖြင့် ကျောက်ပန်းတောင်းမြို့နယ်အား ညောင်ဦးခရိုင်အတွင်းသို့ ထည့်သွင်း ပြင်ဆင်ဖွဲ့စည်းပြီးဖြစ်ပါ၍ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနတွင်၊ (၁၄)ခရိုင်၊ (၅၃) မြို့နယ်ဖြင့် အောက်ဖေါ်ပြပါအတိုင်း ဖွဲ့စည်းပြီး၊ လက်ရှိလုပ်ငန်းများကို အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိပါသည်-

စဉ်

တိုင်း ဒေသကြီး

ခရိုင်

မြို့နယ်

စစ်ကိုင်း

စစ်ကိုင်း

(၁)စစ်ကိုင်း၊ (၂)မြောင်၊(၃)မြင်းမူ၊

မုံရွာ

(၄)မုံရွာ၊(၅)ချောင်းဦး၊(၆)ဘုတလင်၊(၇)အရာတော်

ယင်းမာပင်

(၈)ဆားလင်းကြီး၊(၉) ယင်းမာပင်၊(၁၀) ပုလဲ

ရွှေဘို

(၁၁)ရွှေဘို၊(၁၂) ခင်ဦး (၁၃)ဝက်လက်၊(၁၄) ဒီပဲယင်း၊

 

 

ကန့်ဘလူ

(၁၅ )ကန့်ဘလူ၊(၁၆)ရေဦး၊(၁၇ ) တန့်ဆည်၊

မကွေး

 

မကွေး

(၁၈)ချောက်၊(၁၉)ရေနံချောင်း၊(၂၀)နတ်မောက်၊(၂၁)မြို့သစ်၊ (၂၂)တောင်တွင်းကြီး၊(၂၃)မကွေး

မင်းဘူး

(၂၄)စလင်း၊(၂၅)ပွင့်ဖြူ၊(၂၆)မင်းဘူး၊(၂၇)ငဖဲ

ပခုက္ကူ

(၂၈)ပေါက်၊(၂၉)မြိုင်၊(၃၀)ရေစကြို၊(၃၁)ပခုက္ကူ၊   (၃၂)ဆိပ်ဖြူ

သရက်

(၃၃)မင်းလှ၊(၃၄)ဆင်ပေါင်ဝဲ၊(၃၅)အောင်လံ၊ (၃၆)သရက်၊(၃၇)မင်းတုန်း၊(၃၈)ကံမ

မန္တလေး

 

ကျောက်ဆည်

(၃၉)ကျောက်ဆည်၊(၄၀)မြစ်သား၊(၄၁)တံတားဦး

မြင်းခြံ   

(၄၂)မြင်းခြံ၊(၄၃)နွားထိုးကြီး၊(၄၄)တောင်သာ၊  (၄၅)ငါန်းဇွန်

ညောင်ဦး

(၄၆)ညောင်ဦး၊(၄၇)ကျောက်ပန်းတောင်း

မိတ္ထီလာ

(၄၈)မိတ္ထီလာ၊(၄၉)သာစည်၊(၅၀)ဝမ်းတွင်း၊ (၅၁)မလှိုင်

ရမည်းသင်း

(၅၂)၊ရမည်းသင်း (၅၃) ပျော်ဘွယ်