05
May

မန္တလေးတိုင်းဒေသကြီးအတွင်း သောက်သုံးရေရှားပါးသော ကျေးရွာများ သို့ ရေလှူဒါန်းခြင်း

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခြောက်သွေ့ကာလနွေရာသီ၌ သောက်သုံးရေရှားပါးသော ကျေးရွာများသို့ ရေလှူဒါန်းခြင်း အစီအစဉ်စတင်ဆောင်ရွက်ရာ ၅-၅-၂၀၂၄ ရက်နေ့တွင် ညောင်ဦးခရိုင်၊  ညောင်ဦးမြို့နယ်၊ ပြွန်ကျေးရွာအုပ်စု၊  ကန်စောင့်ကျေး ရွာရှိ အိမ်ထောင်စု (၂၅၀) စု၊ လူဦးရေ (၁၃၀၀) ဦး တို့အတွက် သောက်သုံးရေဖူလုံစေရေး ညောင်ဦးမြို့နယ် ဦးစီးအရာရှိ ဦးအောင်ဇော်လတ် နှင့် ဝန်ထမ်းများမှ  ဌာနပိုင် ဂါလံ (၁၂၀၀) ဆံ့ ရေသယ်ယာဉ်ဖြင့် စုစုပေါင်းရေဂါလံ (၂၄၀၀) လှူဒါန်းခဲ့ပါကြောင်း သိရှိပါသည်။