05
May

မကွေးတိုင်းဒေသကြီးအတွင်း သောက်သုံးရေရှားပါးသော ကျေးရွာများသို့ ရေလှူဒါန်းခြင်းဆက်လက်ဆောင်ရွက်




 

 

 

 

 

 

 

 

 

 

 

 

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးအတွင်း ခြောက်သွေ့ကာလနွေရာသီ၌ သောက်သုံးရေရှားပါးသော ကျေးရွာများသို့ ရေလှူဒါန်းခြင်း အစီအစဉ်ဆက်လက်ဆောင်ရွက်ရာ ၅-၅-၂၀၂၄ ရက်နေ့တွင်  မကွေးခရိုင်၊  တောင်တွင်းကြီးမြို့နယ်၊ အင်းရွာကြီးကျေးရွာအုပ်စု၊အင်းရွာကြီးကျေးရွာရှိ အိမ်ထောင်စု (၁၄၆) စု၊ နှင့် ဘုန်းတော်ကြီးကျောင်းအတွက် သောက်သုံးရေဖူလုံစေရေး တောင်တွင်းကြီးမြို့နယ် ဦးစီးအရာ ရှိ ဦးဝင်းဇော် နှင့် ဝန်ထမ်းများမှ  ဌာနပိုင် ဂါလံ (၁၂၀၀) ဆံ့ ရေသယ်ယာဉ်ဖြင့် စုစုပေါင်းရေဂါလံ (၂၄၀၀) တို့ကိုလည်းကောင်း၊ သရက်ခရိုင်၊သရက်မြို့နယ်၊ ပြရေကျေးရွာအုပ်စု၊  စက်တောင်ကျေးရွာ၌ အိမ်ထောင်စု (၁၀၃) စု၊ လူဦးရေ (၄၃၈)ဦး အားသောက်သုံးရေဖူလုံစေရေး သရက်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွေးနှင့် ဝန်ထမ်းများမှ  သရက်မြို့နယ်၊ မီးသတ်ဦးစီးဌာနနှင့် ညှိနှိုင်း၍ ရေသယ်ယာဉ် အကူညီ တောင်းခံကာ ရေဂါလံ (၃၂၀၀) ဂါလံ တို့အား လှူဒါန်းခဲ့ပါကြောင်း သိရှိပါသည်။