04
May

မကွေးတိုင်းဒေသကြီးအတွင်း သောက်သုံးရေရှားပါးသောကျေးရွာများသို့ ရေလှူဒါန်းခြင်း

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးအတွင်း ခြောက်သွေ့ကာလနွေရာသီ၌ သောက်သုံးရေရှားပါးသော ကျေးရွာများသို့ ရေလှူဒါန်းခြင်း အစီအစဉ်စတင်ဆောင်ရွက်ရာ ၄-၅-၂၀၂၄ ရက်နေ့တွင် မကွေးခရိုင်၊  မကွေးမြို့နယ်၊ ပေပင်စမ်းကျေးရွာအုပ်စု၊  လျှောက်တောကျေးရွာရှိ အိမ်ထောင်စု (၂၇၇) စု၊ လူဦးရေ (၆၂၈)ဦး အား သောက်သုံးရေဖူလုံစေရေး ဦးစီးဌာနပိုင် ဂါလံ ၁၂၀၀ ဆံ့ ရေကားဖြင့် ရေဂါလံ (၄၈၀၀) ဂါလံ ရေလှူဒါန်းခဲ့ပါကြောင်း သိရှိပါသည်။