12
Apr

မြန်မာ့နှစ်သစ်ကူးအကြို စတုဒီသာကျွေးမွေးပွဲ နှင့် ပျော်ပွဲရွှင်ပွဲများကျင်းပခြင်း



အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ပုသိမ်ကြီးမြို့ရှိ  ညွှန်ကြားရေးမှူးချုပ်ရုံး၊ စန္ဒကူးခန်းမ၌   (၁၁-၄-၂၀၂၄) ရက်နေ့ (၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၃ရက်)   တွင် ၂၀၂၄ ခုနှစ် မြန်မာ့ နှစ်သစ်ကူးအကြို စတုဒီသာကျွေးမွေးပွဲနှင့် ပျော်ပွဲရွှင်ပွဲအား ဦးစီးရုံးချုပ်ရှိ အရာထမ်း၊ အမှုထမ်းများ နှင့်ဝန်ထမ်းများ၊ မန္တလေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး နှင့် ကျောက်ဆည်ခရိုင် ရှိ အရာထမ်း၊ အမှုထမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်မှ အရာထမ်းအမှုထမ်းများ စုစုပေါင်း (၁၄၄) ဦး တတ်ရောက်၍ ပျော်ရွှင်စွာဆင်နွဲခဲ့ကြပါသည်။

စတုဒီသာကျွေးမွေးခြင်းအစီအစဉ်တွင် နံနက်ခင်းပိုင်း (၇:၀၀) နာရီ မှ (၉:၀၀) နာရီ အထိ ဦးစီး ရုံးချုပ် စီမံခန့်ခွဲရေးဌာန၊ အရာထမ်း၊ အမှုထမ်းများမှ ကြာဇံဟင်းခါး ဖြင့်လည်းကောင်း၊ ဦးစီးရုံးချုပ် ဘဏ္ဍာရေးဌာန၊ အရာထမ်း၊ အမှုထမ်းများမှ မန်ကျည်းကျောက်ကျောဖြင့်လည်းကောင်း၊ ဦးစီးရုံးချုပ် စီမံကိန်းဌာန၊  အရာထမ်း၊ အမှုထမ်းများမှ မုန့်လက်ဆောင်ဖြင့်လည်းကောင်း၊ နေ့လယ်ခင်းပိုင်းတွင် ညွှန်ကြားရေးမှူးချုပ်မှ ကြက်သာဒံပေါက်ဖြင့်လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ရေခဲမုန့် ဖြင့်လည်းကောင်း၊ ဦးစီးရုံးချုပ် အင်ဂျင်နီယာဌာန၊ အရာထမ်း၊ အမှုထမ်းများမှ ရွှေရင်အေး ဖြင့်လည်းကောင်း မန္တလေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ လက်ဖက်ရည်မုန့်များဖြင့်လည်း ကောင်း အသီးသီးဧည့်ခံကျွေးမွေးခဲ့ကြပါသည်။

ပျော်ပွဲရွှင်ပွဲများအစီအစဉ်တွင် တတ်ရောက်လာသော ဝန်ထမ်းများအားလုံးအတွက် ဗလာမပါ ကံစမ်းမဲအစီအစဉ်အား ထိုနေ့ နံနက် (၉:၀၀) မှ (၁၂:၀၀) နာရီ အထိ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး မှ ချီးမြှင့်သော အထူးဆု (၁၀၀၀၀ိ/- ကျပ်) ဆယ်စု အား ဦးစီးရုံးချုပ်ရှိ အရာထမ်း၊ အမှုထမ်း  (၉) ဦး နှင့် ကျောက်ဆည်ခရိုင်ရှိ အမှုထမ်း (၁) ဦး မှ  အသီးသီးဆွတ်ခူးခဲ့ကြကြောင်း သိရှိရပါသည်။