06
Oct

“သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ထင်းအစား အခြားလောင်စာသုံး ထူးချွန်စံပြ ကျေးရွာများအား ဆုချီးမြှင့်ခြင်းနှင့် ပညာပေးပြပွဲ အခမ်းအနားကျင်းပခြင်း”

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း​ရေး ဝန်ကြီးဌာန၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ထင်းအစား အခြားလောင်စာသုံး ထူးချွန်စံပြ ကျေးရွာများအား ဆုချီးမြှင့်ခြင်းနှင့် ပညာပေးပြပွဲ အခမ်းအနားအား ၂၀၁၉ ခုနှစ် အောက်တိုဘာလ (၅) ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန်တွင် မန္တ​လေးတိုင်း​ဒေသကြီး၊ ​ညောင်ဦးခရိုင်၊ ​ညောင်ဦးမြို့နယ်ရှိ Umbra Hotel တွင် ကျင်းပ ပြုလုပ်ရာ အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ​ဒေါက်တာရဲမြင့်ဆွေနှင့်် မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း​ရေး ဝန်ကြီး ဦးမျိုးသစ်တို့ တက်ရောက်၍ အဖွင့်အမှာစကားများ ပြောကြားခဲ့ပါသည်။

အခမ်းအနားတွင် ထင်းအစား အခြား​လောင်စာသုံးစွဲသည့် စံပြ​ကျေးရွာတည်ထောင်ခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး၊ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် တည်ထောင်ခဲ့သည့်် ထင်းအစား အခြား​လောင်စာသုံး စံပြ​ကျေးရွာများအနက်မှ ​ဆောင်ရွက်မှု ကောင်းမွန်သော ​ကျေးရွာ (၃)ရွာအား ထူးချွန်စံပြ​ ကျေးရွာများအဖြစ် ​ရွေးချယ်ဆုချီးမြှင့််ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်မှ ကြိုးကြာကျေးရွာ၊ မ​ကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်မှ ထုံးမကြီးကျေးရွာနှင့်် မန္တ​​လေးတိုင်း​ဒေသကြီး၊ ​ညောင်ဦးမြို့နယ်မှ တပေါက်ရုံကျေးရွာတို့မှ ဆုရရှိကြပြီး ​သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ​ဒေါက်တာရဲမြင့်ဆွေနှင့်် မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့်် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း​ရေးဝန်ကြီး ဦးမျိုးသစ်တို့က ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့််ရာ ကျေးရွာအလိုက် ကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူ များသည် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ခင်းကျင်း ပြသထားသည့် ထင်းအစားထိုး​ လောင်စာသုံးစွဲခြင်းနှင့် စွမ်းအားမြှင့် မီးဖိုများ သုံးစွဲခြင်းဆိုင်ရာ ပညာပေးပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပါသည်။