02
Oct

“အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးများ၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးများ၊ မြို့နယ်ဦးစီးအရာရှိများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခြင်း”

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးများ၊ ခရိုင် လက်ထောက် ညွှန်ကြားရေးမှူးများ၊ မြို့နယ် ဦးစီးအရာရှိများနှင့်လုပ်ငန်းညှိနှိုင်း အစည်းအ​ဝေးကို ၁-၁၀-၂၀၁၉ ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး စန္ဒကူးခန်းမ၌ ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၁-၁၀-၂၀၁၉ ရက်နေ့မှ ၂-၁၀-၂၀၁၉ ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့ရာ  အပူပိုင်း​ဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စ.ထ.ထ.ရ လုပ်ငန်းများနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင်  အကောင် အထည်ဖော် ဆောင်ရွက်မည့် စ.ထ.ထ.ရ လုပ်ငန်း အစီအစဉ်များကို ခရိုင်တာဝန်ခံ လက်ထောက် ညွှန်ကြားရေးမှူးများနှင့် တိုင်းဒေသကြီး တာဝန်ခံ ညွှန်ကြား​ရေးမှူးများက ရှင်းလင်းတင်ပြခြင်း၊ ဦးစီးရုံးချုပ် ညွှန်ကြား​ရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများက ကဏ္ဍအလိုက် သုံးသပ်ရှင်းလင်းဆွေးနွေးခြင်း၊ ညွှန်ကြား​ရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြား​ရေးမှူးချုပ်တို့မှ ရှင်းလင်းတင်ပြချက်များအပေါ် သုံးသပ်​ဆွေးနွေးခြင်း၊ လမ်းညွှန်မှာကြားခြင်း၊ အထွေ​ထွေဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြား၍ အစည်းအဝေးကို ၂-၁၀-၂၀၁၉ ရက်​နေ့ ညနေပိုင်း (၁၇:၀၀) နာရီအချိန် တွင် ပြီးမြောက်ခဲ့ပါသည်။